အဲ့ဒါနဲ့ ကျွန်တော်လည်း သူငယ်ချင်းတွေကို လိုက်နုတ်ဆက်ရတော့တာပေါ့ တစ်အိမ်ဝင်တစ်အိမ်
ထွက်နဲ့ လိုက်နုတ်ဆက်လိုက်တာ လူစုံသလောက်တော့ရှိသွားတယ် နောက်ဆုံး တစ်ယောက်ကျ
န်တာကတော့ ကျွန်တော်တစ်ဖက်သက်ချစ်နေရတဲ့ “နန်း” ပါပဲ သူကိုတော့နောက်ဆုံးဘိတ်အိတ်
နဲ့ လွယ်ဆိုသလိုမျိုး တစ်ဝကြီးနုတ်ဆက်ရအောင် ချီတတ်ပါလေတော့တယ်~~~~~~~~~~~
“ဟေ့ နန်း ဘာတွေလုပ်နေလဲ ထ္မင်းစားပြီးပြီလား”
စားပြီးပြီပေါ့ဟနင်မေးတဲ့ အချိန်ကိုလဲ ပြန်ကြည့်အုံး ည ၇ နာရီထိုးနေပြီဘာအရူးထပြီးအခုမှလာ
ပြီးမေးနေရတာလဲ
“ဟာ နင်ကလဲ ငါလဲ နင့်ကိုတွေချင်ဇောနဲ့  အချိန်မကြည့်ပဲ မေးလိုက်မိတာပါဟာ”
“အေးပါ ကျော်လင်းရယ် ငါကလဲ နင့်ကို တမင်သက်သက်နောက်လိုက်တာပါ”
ဒါနဲ့ နင့်ကို ငါပြောစရာရှိလို့ လာခဲ့တာ “နန်း” ရဲ့ 
“ဟ” အထူးအစန်းပါလား မသာကောင်ရဲ့  ဘာများတုံးလုပ်ပါအုံး
ဒီလိုပါဟာ ငါနင့်ကို လာနုတ်ဆက်တာက မနက်ဖန် ငါသင်တန်းသွားရတော့မယ်အဲ့ဒါကြောင့်ပါ
“ဘာသင်တန်းတုံးဟ” နွားကျောင်းသင်တန်းလား
“မနောက်ပါနဲ့  “နန်း” ရယ်ငါအတည်ပြောနေတာမနက်ဖန်သွားရတော့မယ်သင်တန်းကစက်မောင်း
စက်ပြင်ဟ”
ပိုက်ဆံ တစ်သောင်းခွဲလဲရမှာဟ ငါ့အမေလဲ သဘောတူတယ်ဟ “နင်ကော သဘောတူလားဟင်”
“ဟဲ့ မသာကောင်ရဲ့  ငါကနင်ကို ဘာလို့ သဘောမတူရမှာလဲ နင့်အလုပ်နင်လုပ်မဲ့ဟာကို”
“မဟုတ်သေးဘူးလေ “နန်း”ရယ် နည်းနည်းပါးပါးများ စိတ်ပူပြီးတားမလားလို့ ပေါ့ဟ”
သူငယ်ချင်း အ ချင်းချင်းပဲဟာစိတ်တော့ပူတာပေါ့ ဒါပေမဲ့နင်ဘ၀ အတွက် အခွင့်အရေးပဲလေနင်
သွားရမှာပေါ့~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“နင် ငါ့ကိုစိတ်ပူတယ်ဟုတ်လား”
“အေးလေ ပူတယ် ဘာဖြစ်လဲ”
“ဟာ !!!!!!!!!!!! ဒါဆိုသေချာပြီ”
“ဘာသေချာတာလဲ ကျော်လင်းရဲ့  နင်ပေါက်ကရတွေ လိုက်လျှောက်မတွေနဲ့ နော်”
သေချာပါတယ် “နန်း” ရယ် နင့်ငါ့ကိုမခွဲ နိုင်ဘူး မဟုတ်လား
“လဲသေလိုက်ပါလားကောင်စုတ်ရဲ့  နင့်ကို ငါကဘာလို့ မခွဲနိုင်ရမှာလဲ ငါကဘောဒါအကန့် နဲ့ 
ပဲ စိတ်ပူတာ နင့်ကို ငါမခွဲနိုင်လောက်တဲ့ အထိ ငါ့မှာ မဖြစ်နိုင်ဘူး ငါ့မှာ ငါ့ချစ်သူကလွဲပြီး ဘယ်
သူကိုမှ မခွဲ နိုင်ဘူးဆိုတာ မရှိဘူး ”
“ဘာ”
“နင့်မှာချစ်သူရှိတယ် ဟုတ်လား နန်း ”
“အေးနင်သိအောင် ငါပြောလိုက်မယ် ငါ့မှာချစ်သူရှိတယ် ငါနဲ့ ငါ့ချစ်သူမကြာခင်လက်ထပ်တော့
မှာ ငါတို့ မင်္ဂလာဆောင်ကြရင်လဲ ခွင့်ယူပြီးပြန်လာခဲ့အုံးပေါ့”
“တော်ပါတော့ “နန်း” ရယ် ဆက်မကြားပါရစေနဲ့ တော့ ငါ့ကိုပြန်ခွင့်ပြုပါတော့ဟာ”
ကံမကုန်ရင်တော့ ငါတို့ ပြန်ဆုံကြတာပေါ့ဟာ”
“အေးလေး ငါလဲ ဘာရယ်မဟုတ်ပါဘူးနင်သိရအောင်ပြောပြလိုက်တာပါ နင်လဲ နင့်ဘ၀အတွက်
ကြိုးစားပေါ့”
“အိုကေလေ “နန်း” နင့်ကို ငါတခါတည်းနုတ်ဆက်ခဲ့ပါတယ်ဟာ နင်တို့ မင်္ဂလာဆောင်ကြရင် ငါ
မလာနိုင်ရင်ခွင့်လွတ်ပါဟာ”
“အေးပါဟယ် နောက်တော့ပြန်တွေ့ ကြတာပေါ့”
----------------------------------------xxxxxxxxxxxxxxxx-----------------------------------
“ဟဲ့သား ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ သင်တန်းသွားရအုံးမယ်မဟုတ်လား”
တော်သေးတာပေါ့ အမေနိုးပေလို့ ဘယ်အချိန်တောင်ထိုးကုန်ပြီလဲ အမေ
“ဘယ် အချိန်ရှိပြီလဲ မလုပ်နဲ့ ဟိုမှာ စခန်းမူးလှမ်းခေါ်နေပြီ သွားတွေ့ လိုက်အုံး”
“ဟုတ်လား အမေ ဒါဆိုသားသွားတွေ့ မှဖြစ်မှာပေါ့”
“ထထ မြန်မြန်လုပ်ပြီး စခန်းမူးနဲ့ သွားတွေ့ လိုက်အုံး”
“ဟုတ်ကဲ့ အမေ”
အဲ့ဒါနဲ့ မျက်နှာသစ်သွားတိုက်ပြီး စခန်းမူးနဲ့ သွားတွေ့ လိုက်တယ်
“အေး”
“ကျော်လင်း ရောက်ပြီလား ဒီနေ့  (၁း၀၀) နာရီမှာ စပြီး ခရီးထွက်ရမယ် လိုအပ်မဲ့ ပစ္စည်းတွေ
သွားယူလိုက်တော့”
“ဟုတ်ကဲ့ ဆရာ ကျွန်တော် အဆင်သင့် ထဲ့ထားပြီးပါပြီ”
“ရော ဒီမှာပိုက်ဆံ တစ်သောင်းခွဲ မင်းသွားရမှာက မိတ္ထီလာ စခန်းနံပတ် (၂၅) အဲ့ဒိရောက်ရင် အခု
ငါစာတစ်ဆောင်ထုတ်ပေးလိုက်မယ် အဲ့ဒိစာကိုပြလိုက် အဲ့ဒါဆို သူတို့ မင်းကို ဆက်လုပ်သွားပေး
လိုက်မယ်”
“ မရှင်းတာရှိလား”
“မရှိပါဘူးဆရာ”
“အေးအေး အဲ့ဒါဆိုသွာတော့”
“ကောင်းပါပြီဆရာ ကျွန်တော့ကို သွားခွင့်ပြုပါအုံး”
“အေး အေး”
----------------------------------------xxxxxxxxxxxxxxxxxxxxx------------------------------
နာရီကြည့်လိုက်တော့ (၁၂း၀၀) ထိုးတော့မယ် အိမ်ကို အမြန်ပြေးရတော့တာပေါ့
“အမေ အမေ”
“အေးသား အမေဒီမှာ ငါသားသွားရင်ထဲ့သွားဖို့  ပုဇွန်ခြောက်ကြော်လေးကြော်ပေးနေတာတာ”
“ကျေးဇူးတင်ပါတယ် အမေ”
“သားတစ်နာရီထိုးတာနဲ့ ထွက်ရမယ် အဲ့ဒါ အခုပစ္စည်းတွေလာယူတာ အမေ”
ဒီမှာရော အမေ ပိုက်ဆံ တစ်သောင်းခွဲ သားငါးထောင်လောက်ပြန်ယူသွားမယ်နော်
“အကုန်ယူသွားပါသားရယ် ငါ့သားပိုက်ဆံ အမေ မသုံး ရက်ပါဘူး”
“ဒီလိုတော့ ဘယ်ဟုတ်မလဲ အမေရာ အမေတစ်ယောက်တည်းနေခဲ့ရမှာ ပိုက်ဆံရှိမှဖြစ်မှာပေါ့
ယူထားလိုက်ပါ အမေ ရာ သားမရှိတုံး အမေ့ ကျမ္မာရေးကိုလဲ ဂရုစိုက်အုံ”
ဇတ်သိမ်းပိုင်း သည်းခံပြီး စောင့်ပေးကြပါရန်မတ္တာရပ်ခံ အပ်ပါသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။
၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လားမသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက် လောက်ပါပဲတဲ့၊
အ၀တ်အစား ထည့်ပေးပါလို့ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။
အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်း စာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခု တို့ကို သိမ်းယူသွား သည်ဟု သိရသည်။
လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကျော်၊ အရိုင်း၊ ညှောင်ညှောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူ အညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်းဖြစ်သည်။
ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရ သည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ သူဖြစ်သည်။
ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက်ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့်လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။
ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလကလည်း သပိတ်မှောက်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ နိုင်ငံရေးအကျဉ်း သားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင် ထားသည်။ ။
ခေတ်ပြိုင်ဂျာနယ်မှဖေါ်ပြသည်
သင်တန်းဘယ်သူသွားမလဲ “ဟေ့” လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်ဝန်ကြီးဌာနက စ
ခန်း မှူးအော်လိုက်တာပါ.
“ကျွန်တော်သွားမယ် ဆရာ”
“ဟေ့”
ဟုတ်ပါ့မလား ငါ့ကောင်ရမင်း အမေကိုမေးအုံးကွာ တော်တော်ကြာ ငါကလွတ်လိုက်ရင်
ငါမကောင်းဘူးဖြစ်နေအုံး မယ် သွားသွား မင်းအမေကိုသွားတိုင်ပင်လိုက်အုံး။။။။။။။။။။။
ရပါတယ်ဆရာ ကျွန်တော့အမေကို ကျွန်တော်ပြောလို့ ရပါတယ် ကျွန်တော်တို့ လဲ ပိုက်
ဆံလိုနေတာပဲ နောက်နှစ်ကျောင်းတတ်ဖို့ ကျွန်တော်မှာပိုက်မရှိလို့ ပါ အဲ့ဒါကြောင့်ကျွန်
တော့ကိုသွားခွင့်ပြုပါဆရာ ဆရာပေးမယ်ဆိုတဲ့ ပိုက်ဆံ တစ်သောင်က ကျွန်တော်တို့ 
သားအမိ အဖို့ အတော်ကို မက်လောက်စရာဖြစ်နေလို့ ပါဆရာ။။။။။။။။။။။။။။။။။။။။။။။။။။
အေးဒါဆိုလဲ ပြန်ပြောပြလိုက်ပေါ့ နောက်နေ့ ကြရင်ခရီးထွက်ရမယ် မိတ္တထီလာမှာသင်
တန်းတတ်ရမှာ အဲ့မှာကတော့နည်းနည်းပင်ပန်းမယ်။
“ရပါတယ်ဆရာ ကျွန်တော်ကြိုးစားပါ့မယ်”
အေးလေ တားမရတော့လဲ သွားပေါ့ ငါကတော့ပိုက်ဆံပေးမှာအမှန်ပဲ မင်းလဲအဆင်ပြေ
သွားတာပေါ့။
“ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်” “ကျွန်တော့ကို ပြန်ခွင့်ပြုပါအုံးဆရာ” အမေနဲ့ 
သွားတိုင်ပင်လိုက်အုံးမယ်ဆရာ........................................................................
“အေးအေး”
အဲ့လိုနဲ့  ကျွန်တော်လည်း အိမ်ပြန်လမ်းအတိုင်း လျှောက်ပြန်လာခဲ့တယ် လမ်းမှာ ကျွန်တ
ခုစဉ်းစားကြည့်မိတယ် “ငါဘာလို့ သင်တန်းသွားဖို့ တောင်းဆိုလိုက်ရတာလဲ ပြီးတော့ဘာ
ကြောင့်ကတိပေးလိုက်ရတာလဲ”
“အို”
ဘာမှမဖြစ်နိုင်လောက်ပါဘူးလေ ငါသင်တန်းသွားရင်ပိုက်ဆံရမှာပဲ တစ်သောင်းခွဲတောင်
ရမှာ ငါတို့ မိသားစုမှာ တစ်ခါမှ မမြင်ဘူးတဲ့ ငွေတစ်သောင်းခွဲကို မြင်ရတော့မှာပဲလေ ငါ့
အမေလဲပျော်မှာပါ...............................................................................................
အဲ့လိုနဲ့ ကျွန်တော်လည်း အိမ်နားပြန်ရောက်ခဲ့တယ်...................................................
“အမေ ရေ အမေ” အမေဘယ်နားမှာလဲ ဒီကိုလာပါအုံး သားပြောစရာရှိလို့ ..................
“ဟဲ့သား ဘာဖြစ်လာရတာတုံး အမေ့ကိုပြောစမ်း အမေရင်တွေတုံလိုက်တာ သားရယ်”
ဘာမှမဖြစ်ပါဘူး အမေရ သားပြောစရာရှိလို့  အမေ့ကိုလှမ်းခေါ်လိုက်တာ~~~~~~~~
ပြောစမ်းပါသားရဲ့  အမေသိချင်လှပြီဘာတွေဖြစ်လို့ တုံး အမေ့ကို ရောဂါတိုးအောင်တော့
မလုပ်ပါနဲ့ သားရယ်~~~“မလုပ်ပါဘူး အမေရ” ဒီလိုပါ စခန်းမှူးကပြောလိုက်တယ်သား
သင်တန်းသွားရမယ်တဲ့ပိုက်ဆံတစ်သောင်းခွဲတောင်ရမှာ အမေရ ဘာမှလဲ မကြာဘူးတဲ့
“သားသွားမယ်နော် အမေ” ငါ့သားစဉ်စားပါအုံး ဘယ်နေရာလဲဆိုတာ အမေသိတယ်
သား လူကြီးတွေတောင် မသွားချင်လို့  လုပ်နေကြတာ ငါ့သားကသွားမယ်ဆိုတော့ဖြစ်နိုင်
ပါ့မလား သားရယ်။ “ရပါတယ် အမေရ” သားနေတတ်ပါတယ် သိပ့်မှ မကြာတာ သုံးလေး
လပဲတဲ့ “ဘယ်ကလာ သုံးလေးလလဲ” နှစ်နဲ့ ချီပြီးကြာတာသားရဲ့  အဲ့ဒါတွေ မင်းမသိပဲဘာ
သွားလုပ်မှာလဲ သွားမနေပါနဲ့ သားရယ်~~~~~~~~~~~~~~~~~~~~~~~~~~~~
အမေရယ် သွားပါရစေ သားတို့ မှာ ပိုက်ဆံတစ်သောင်းဆိုတာ တခါမှကို မမြင်ခဲ့ဘူးတာေ
လ ဒီတစ်ခါတော့ သွားခွင့်ပြုပါအမေ “အမေလဲ ပိုက်ဆံသုံးရတာပေါ့” သားကြိုးစားပါ့မယ်
“အမေကတော့ ပိုက်ဆံကို မလိုချင်ဘူး ဒါပေမဲ့ တားမရလဲ လွတ်ပေးရမှာပေါ့ မင်းကင်္ယျေား
လေးပဲ ငါဘယ်တားလို့  ရမလဲ ကိုယ်ဟာကိုတာ ကြည့်နေပေါ့ ဘုရားတရားလဲ မမေ့နဲ့ ရတ
နာသုံးပါကို အမြဲ ဆည်းကပ် အဲ့ဒါဆိုရင်တော့ မင်းဘေးမရောက်နိုင်ပါဘူး~~~~~~~~~~
“သားနားထောင်ပါ့မယ် အမေ သားကိုသွားခွင့်ပြုရင်ပဲ ကျေးဇူးတင်လှပါပြီ” သားကိုပစ္စည်း
တွေထဲ့ထားပေးအုံး အမေ သားသူငယ်ချင်းတွေသွား နုတ်ဆက်လိုက်အုံးမယ် အမေ။။။။။။။။။
“အေးအေး အမေ ကြည့်ထဲ့ထားလိုက်မယ် မင်းဘယ်နေ့ သွားမှာလဲ”
“မနက်ဖန် သွားမယ်အမေ” “အေးလေ အမေကြည့်ထဲ့ထားလိုက်ပါမယ်”
“ဒါဆိုသားသွားအုံးမယ်အမေ”
“အေးအေး”
ဆက်ရန်ရှိသည် ဘယ်အချိန်လဲတော့ တိဘူး :P
ကျွန်တော်ဟာငယ်ငယ်ကလေး ကတည်းက အဖိုးတွေ အဖွားတွေနဲ့ နေခဲ့တာပါ အသက်ပြည့်လို
့ကျောင်းသွားရပြန်တော့လဲသူတို့ ပဲကျောင်းအပ်ကျောင်းကြိုကျောင်းပို့လုပ်ခဲ့တာ~~~~~~~~~
တနေ့ တနေ့ ဆုံးမလိုက်တာလဲမပြောနေနဲ့ တော့ နားကိုမဆံ့တော့တာ သူများပစ္စည်းမခိုးရ-ရန်မ
ဖြစ်ရ ဘုရားတရားလဲမမေ့နဲ့ ပေါ့ သူများကိုလဲသွားပြီး အနာတရဖြစ်အောင် ထိခိုက်အောင်မလုပ်ရ
ဒါတွေနဲ့ ပဲ နေ့ စဉ်နဲ့ အမျှဆုံးမနေတာ ကြာလာတော့ ဆုံးမတာမထင်တော့ဘူး ဒီအဖိုကြီး အဖွား
ကြီးလေ အလကားရတိုင်းပြောနေတယ်ဆိုပြီးစိတ်ထဲမှာခံစားလာရတယ် :P ဘယ်လိုထင်ထင် သူ
တို့ ကတော့ဂရုမစိုက်ရေးချ မစိုက်ပဲ ဆုံးမမြဲဆုံးမနေတာပဲ တဖြေးဖြေးနဲ့ စကားတွေကနားရေဝ
လာတယ် အသက်ကလေးလည်း ဆယ့်လေး ဆယ့်ငါးလောက်လဲရောက်ကော စဉ်စားတတ်လာ
ပြီ သူတို့ ပြောပြနေတာတွေက တကယ်လို အပ်ပါလားဆိုတာကို နားလည်လာတယ်~~~~~~~
ကြော်ငြာဝင်လိုက်အုံးမယ် ကျွန်တော်က ရွာသားဗျ ကျွန်တော်ရှစ်တန်းနှစ်လောက်မှာ သူငယ်ချင်း
တစ်ယောက်ရခဲ့တယ် တော်တော်ကိုခင်ကြတာ ဒါပေမဲ့ စရိုက်ချင်းက မတူဘူး သူကနည်းနည်းစ
ရိုက်ဆိုးတယ် ကိုယ့်ကိုယ်ကြွားတာတော့မဟုတ်ဘူး :P ကျွန်တော့သူငယ်ချင်နဲ့  ညီအကိုလဲခင်လာ
ရော တစ်ယောက်အကြောင်း တစ်ယောက်ပြောကြမေးကြတာပေါ့ အဲ့ချိန်မှာ ကျွန်တော်သူ့ အကြောင်း
သိရတာက သူဟာ ပိုက်ဆံရှိ အသိုင်းဝိုင်းကဆင်းသက်လာပြီး သူ့ အဖေက ဗိုလ်မှူးတစ်ယောက်ဖြစ်
တယ် သူ့ အမေကတော့ ရုံးဝန်ထမ်းတော့ ရုံးဝန်ထမ်းပဲ ဘာရုံးကို ၀န်ထမ်းတာလဲတော့မမှတ်မိတော့
ဘူး ကျွန်တော်နဲ့ ခင်လာတဲ့တလျှောက်လုံးမှာ သူ့ မှာ ပိုက်ဆံပြတ်သွားတယ်လို့ မရှိဘူး (၉၀)တန်တွေ
ကို ပလူပျံနေတာပဲ ကျွန်တော့ကိုလဲ အမြဲတမ်းပေးသုံးပါတယ် အမှန်တိုင်းပြောရရင် သူ့ ကို အားကျမိ
ခဲ့တာ ကျွန်တော်တို့ မှာက တစ်နေ့ လုပ်မှ တစ်နေ့ စားရတာလေ ဘယ်ကလာ သူ့ လို သုံးစွဲနိုင်မှာလဲ
(၉၀) တန်ကိုင်နိုင်ဖို့ နေသာသာ ပြား(၅၀)တန်ကိုင်ဖို့ ကို အသည်းအသန်လုပ်နေရတယ်~~~~~~~
တစ်နေ့ တော့ သူ့ ကို အားကျပြီး အိမ်မှာ (အဖိုးနဲ့ အဖွား) မှာ ပိုက်ဆံလိမ်တောင်းကြည့်လိုက်တယ်
ကျောင်းမှာအလှူလုပ်မှာမို့ လို့ ပိုက်ဆံထဲ့ရမယ် ဘာညာပေါ့ အဖိုးနဲ့ အဖွားလည်း တကယ်အောက်မေ့
ပြီး ငါ့သားဘယ်လောက်တောင်လို လို့ လဲ ပြောလေ မေတို့ ရှာကြံပေးပါ့မယ်တဲ့ ကျွန်တော်လည်းအဲ့ချိန်
မှာသွားပြီးပြေးသတိရလိုက်တာက ကျွန်တော့သူငယ်ချင်း ပြီးတော့ သူ့ ရဲ့ ကိုးဆယ်တန်ဒါနဲ့ ကျွန်တော်
လည်း မပြောရဲ ပြောရဲ နဲ့ ပြောချလိုက်တယ် (၉၀)လိုပါ၏လို့ ~~~~~~~~~~~~~~~~~~
အဖိုးနဲ့ အဖွားလည်း မျက်လုံးပြူးကုန်တာပေါ့ ဒါပေမဲ့ သူတို့ မျက်လုံးပြူးတာကြာရှည်မပြူးလိုက်ရပါဘူး
လင်မယားနှစ်ယောက် တီးတိုး တီးတိုး နဲ့ အခန်းထဲဝင်သွားကြတယ် ဘာတွေလုပ်လဲတော့သိဘူး :P
ကျွန်တော်လည်း လူငယ်ပီပီ စူးစမ်းဆိုတာကို ခေါင်းစဉ်တပ်ပြီး စပ်စုရန်နောက်ကလိုက်ကြည့်လိုက်တယ်
အဲ့ဒိမှာစတွေ့ တာပဲ အဘိုးကြီးနဲ့ အဖွားကြီး ကုတ်ချောင်း ကုတ်ချောင်းနဲ့ စုထားဆောင်းထားတာလေးတွေ
လိုက်စုနေတာတွေ့ လိုက်ရတယ် ကျွန်တော်လည်းတော်တော်သနားသွားတယ် သနားတော့ကော ဘာတတ်
နိုင်တော့မှာလဲ စကားကလွန်သွားပြီကို ကျွန်တော်လည်းဆက်မကြည့်တော့ပဲ ချောင်းနေတဲ့အလုပ်ကိုရပ်အိမ်
ရှေ့  မှာသွားထိုင်နေလိုက်တော့တယ်~~~~~~~ခဏလောက်နေတော့လင်မယားနှစ်ယောက်ပြန်ထွက်လာ
ပြီးတစ်ယောက်ကို တစ်ယောက်ကြည့်လို့ ကျွန်တော့ကို စကားစပြောကြတယ် လူလေးရယ် မေတို့ မှာလဲ ငါ့
မြေးတောင်းတဲ့ (၉၀)တော့မရှိဘူး ဒီမှာ အကုန်းလုံးပေါင်းမှ (၄၇) ကျပ်ပဲရှိပါတယ်ကွယ် ဒါလေးပဲယူပါလို့ 
သားဆရာမကိုပြောပြပေးပါကွယ်တဲ့ ကျွန်တော်လည်းစိတ်ထဲကြိတ်ပြုံးနေတာပေါ့လက်လည်းပိုက်ဆံဆီကို
အရောက် ပါးစပ်ကလည်းပြောလိုက်သေးတယ် (၄၇)ကျပ်ဆိုတော်တော်ပြောပြမှရမှာလို့  ပေးပေးကြည့်မယ်
မရဘူးဆိုရင်တော့သားလည်း မသိဘူးနော်ဆိုပြီး ပြန်လို့ တောင် ချိန်းခြောက်လိုက်သေးတယ်~~~~~~~~
အဖိုးနဲ့ အဖွားလည်း “အေးပါကွယ် ရအောင်သာပြောပေးပါလူးလေရယ်” လူလေးရဲ့ ပညာရေးလဲရှိသေးတော့
သူ တို့ ကိုကြေနပ်အောင်လုပ်ပေးရမှာပေါ့ သူတို့ မကြေနပ်လို့ ကျောင်းထုတ်လိုက်ရင် အဖိုးတို့ လိုပဲ လယ်တဲ
ချောင်းထဲမှာ သူများခိုင်းတာလုပ်ရမှာဆိုးလို့ ပါကွယ်~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်လည်း အင်းပေါင်း မြောက်များစွာလုပ်ပြီး ပိုက်ဆံ (၄၇)ကျပ်ကိုယူလိုက်တော့တယ်~~~~~
နောက်နေ့ ကျောင်းသွားတော့ ကျွန်တော့သူငယ်ချင်းနဲ့ ကျောင်းထိပ် ကွမ်းယာဆိုင်မှာတွေ့ တယ် ပိုက်ဆံ
(၄၇)ကျပ်ဆိုတာကလဲ တစ်ခါမှ မကိုင်ဘူးတော့ သူငယ်ချင်းကိုဖွင့်ပြောလိုက်တယ်ဘယ်လို ဘယ်ပုံရလာတယ်
ဆိုတာကို ဒီကောင်မမေးတဲ့အပြင် ဆေးလိပ်တောင် သောက်မပျက်ဘူး အဲ့ဒါနဲ့ ကျွန်တော့သူငယ်ချင်းက ဒါဆို
အတော်ပဲငါ့မှာ ပိုက် ငါးဆယ် ပါတယ် ငါတို့ နှစ်ယောက်ကျောင်းပြေးရအောင်တဲ့ ကျွန်တော်လည်း ရင်တွေတုံ
နေတာနဲ့ အေးကောင်းသားပဲလစ်စို့ ဆိုပြီး ပြေကြပါလေရော~~~~~~~ကျောင်းတာပြေးတယ် ဘယ်ကိုသွား
ရမှန်းကျွန်တော်မသိပါ သူငယ်ချင်းခေါ်ရာကိုလိုက်နေရတယ် အဲ့နေ့ က သူ့ မှာ ဆိုင်ကယ်ပါတယ် သူမောင်းရာ
နောက်ကို တကောက်ကောက်လိုက်နေရတယ် ပထမဦးဆုံ ၀င်တာက ခေါင်ရည်ဆိုင် ခက်တည်တည်ပဲ သူက
ခေါင်ရည်ဆိုင်ထဲမှာဝင်သွားပြီးသောက်နေတာ ကျွန်တော်လည်း အပြင်မှာ မစောင့်နေနိုင်တာနဲ့  အထဲကိုလိုက်
ဝင်သွားပြီးထိုင်စောင့်နေလိုက်တယ် ကိုယ်တော်ချောက တော်တော်ကို ဇိမ်ရနေတာ ကျွန်တော့မှာ အံသြလို့ 
ကိုမဆုံးဘူး ကျောင်းသားတစ်ယောက်က ဒီလိုခေါင်ရည် သောက်နေတာ ရောင်းတဲ့လူကလဲရောင်းနေတယ်
ဆိုတာကို ကျွန်တော်ထင်ထားတာက ကျောင်းသားခေါင်ရည်မသောက်ရ ဥပဒေရှိတယ်အောင့်မေ့နေတာ
တော်တော်သောက်နိုင်တဲ့ကောင်ပဲ ဒီလောက်သောက်တာတောင် ဘာမှ မဖြစ်ဘူး မမူးဘူးသူမှမမူးတာ ငါလဲ
သောက်မယ်ဆိုပြီး ခေါင်ရည်အချိုတလုံး မှာခိုင်းလိုက်တယ် ပထမတစ်ခွက်စမ်းသောက်လိုက်ပြီ “အား”လည်
ချောင်းထဲကို သံရည်ပူလောင်းထဲ့သလိုပဲ ခံလိုက်ရတယ် ကဲဒီလောက်တောင်ဖြစ်လှတာ ဒုတိယ တစ်ခွက်
နည်းနည်းတော့လျှောလျှောရှူရှူဝင်သွားတယ်ခေါင်းထဲမှာလဲ ရစ်သီရစ်သီနဲ့ ဆိုတော့နည်းနည်းနေလို့ ကောင်း
သလိုပဲ လမ်းလျှောက်ကြည့်တယ်လူက အကောင်ပိုကြီးသွားသလိုပဲပတ်ဝန်းကျင်ကိုနည်းနည်းမေ့လာတယ်
စကားပြောရင်လဲ အကျယ်ကြီးပြောလာတယ် နောက်ခွက်တွေနောက်ခွက်တွေ ဆက်သောက်လိုက်တော့ ပတ်
ဝန်းကျင်ကိုကျွန်တော်လူမထင်တော့ဘူး ကိုယ်ဟာကို စကားပြောချင်သလိုပြော အကျယ်ကြီးလဲ အော်ချင်အော်
နေတာကြာလာတော့သူငယ်ချင်လုပ်သူလဲ နောက်တနေရာဆက်ချင်တယ်နဲ့ တူပါတယ် ကျန်နေတဲ့ လက်ကျန်
လေးကိုအကုန်ဖြတ်လိုက်ပြီး “ကဲရှင်းမယ်ဟေ့” ဆိုပြီး ပိုက်ဆံရှင်းလိုက်တယ် ကဲမောင်ကျောင်းပြေးနောက်တနေ
ရာဆက်ပြန်ပြီးဘယ်ကိုလဲတော့မသိဘူး သူငယ်ချင်းတွဲခေါ်ရာကိုလိုက်ရင်ဆိုင်ကယ်ပေါ်တတ်လိုက်တယ် ကျွန်
တော် တော်တော်မူးနေပြီ မခံနိုင်တော့ဘူး “ငါတော်တော်မူးနေပြီကွာ” တနေရာရာ ပို့ ပေးပါ ငါအိပ်ချင်နေပြီအဲ့
နောက်တော့သူငယ်ချင်လဲဘယ်ကိုမောင်းလဲမသိတော့ဘူး ဆိုင်းကယ်စီးရင်း လေတိုက်ကိုခံလာလိုက်တာ
ပို လို့ တောင်မူးသွားတယ် နောက်တော့ ရပ်ကွက် တခုထဲကို ရောက်သွားတာတော့သိတယ် အဲ့နောက်အိမ်
တစ်အိမ်ထဲကို ဆိုင်ကယ်ဝင်သွားတယ် ဒါတွေသိနေတယ် နောက်ဆုံး ခုံတစ်ခုပေါ်မှာ ကျွန်တော်ရောက်နေပြီး
မှောက်ခုံကြီး ဖြစ်နေရတော့တယ် မျက်လုံးက မဖွင့်နိုင်ဘူး နားကကြားနေရတယ် “တစ်ယောက်ကို ဘယ်လောက်
လဲ” “နှစ်ဆယ်ငါးကျပ်” ဒါဆိုနှစ်ယောက်ယူမယ်တဲ့ ကျွန်တော့သူငယ်ချင်ပြောနေတာတွေ အကုန်ကြားနေရတယ်
မိန်းခလေးအသံတွေလဲ ဆူညံနေတယ် ရေမွေးအနံတွေကလဲ နာခေါင်းထဲကို လာကလိနေတယ် အဲ့နောက်တော့
မိန်းခလေးတယောက်တွဲပြီး အခန်းတစ်ခန်းထဲကို တွဲဝင်လာတယ် ကျွန်တော် ပြန်မရုန်းကန်နိုင်ဘူး ကျွန်တော့မှာ
အားအင်တွေမရှိတော့ဘူး ထိုမိန်းခလေးသယ်ဆောင်ရာနောက်ကို လိုက်ပါနေခဲ့ရတယ် အဲ့ချိန်မှာ ကျွန်တော့သူငယ်
ချင်းလဲ ဘယ်ရောက်သွားလဲ မသိတော့ဘူး သူလဲ သတိမရတော့ဘူး “ကျွန်တော်အိမ်မက်တွေ မက်နေတယ် နာ
ခေါင်းထဲမှာ ရေမွေးန့ံရယ် အမြင်အာရုံမှာ မိန်းခလေးတယောက် မှုံဝါးဝါးနဲ့  သူကို ကျွန်တော်တွန်းထုတ်နေမိတယ်
ဒါပေမဲ့ ကျွန်တော့လက်တွေလှုပ်မရဘူး အားအင်တွေဘယ်ရောက်ကုန်ပြီလဲ ကျွန်တော်ထင်တာ အိမ်မက်ပဲလေဆို
ပြီး အားအင်ကို အတင်းဆုစည်းလိုက်ပြီး ရုန်းထလိုက်တယ် “ဟာ” အိမ်မက်မဟုတ်ပါလား တကယ့် အဖြစ်အပျက်
ဖြစ်နေပါလား ငါဘာတွေလျှောက်လုပ်နေတာလဲ ကိုယ့်ကိုယ်ကို ပြန်မေးနေမိတယ် မိန်းခလေးကလဲ ကျွန်တော့ကို
“ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်နေပါ ပြီးရင် ပြန်ရအုံးမယ်တဲ့” အဲ့ချိန်မှာကျွန်တော်အသိတော်တော်ဝင်လာပြီ ကျွန်
တော့အဖြစ်အပျက်ကို ထိုမိန်းခလေးအားရှင်းပြလိုက်တော့ မိန်းခလေးလဲ ဒါဆိုငါ့မောင်အရွယ်ပဲပေါ့ ငါ့မောင်က လူ
ပေါင်းမှားသွားတာပဲ နောက်ဒါမျိုးမဖြစ်အောင် စဉ်စဉ်ချင်ချင် လုပ်ပေါ့ကွယ် နောက်ဆိုဒီလိုနေရာမျိုးကိုဘယ်တော့
မှရောက်မလာစေနဲ့ အမတို့ က ၀ါသနာပါလို့ လုပ်စားနေတာမဟုတ်ဘူး ငတ်လို့ လုပ်စားနေကြတာ ဒါပေမဲ့ ဒီလိုမျိုး
ရတဲ့ပိုက်ဆံကိုတော့မလိုချင်တော့ဘူး ငါ့မောင်အဖွားတွေစီက တောင်းလာတဲ့ပိုက်ဆံ အမပြန်ဆိုက်ပေးလိုက်မယ်
မနက်ကြရင် ပြန်ပေးလိုက်ကြားလားဆိုပြီး ဆုံးမနေတယ် ကျွန်တော်ဘာပြန်တေပြာရမလဲ ဘာမှလဲပြန်မပြောနိုင်
တော့ဘူး အဲ့ဒါနဲ့ မျက်နှာသွားသစ် နာရီကိုကြည့်လိုက်တော့ မနက် ငါးနာရီထိုးနေပြီ မျက်နှာသစ်ပြီးပြန်လာတော့
ဘယ်အချိန်က ဘယ်လိုသွားယူလိုက်လဲမသိဘူး ကော်ဖီတခွက် မိန်းခလေးလှမ်းပေးတဲ့ကော်ဖီကိုသောက်ရင်း မ
နက်ဖြန် မိုးလင်းလို့ တွေ့ ရမယ့် အဖိုးနဲ့ အဖွားရဲ့ မျက်နှာကို ဘယ်လိုရင်ဆိုင်ရမလဲစဉ်းစားရင်~~~~~~~~~~~
ကျွန်တော်အခုလွယ်ထားတဲ့လွယ်အိတ်ကို လွယ်ပြီး မြန်မာပြည်မှာ
လွတ်လွတ်လပ်လပ်သွားချင်တယ်လို့ ပဲပြောချင်တယ် အမှန် နဲ့ 
အမှား ဟာခြစ်ချလိုက်တာလွယ်ပေမဲ့ ဖြစ်လာမဲ့ ဆိုးကျိုတွေကို
စဉ်းစားသင်တယ် ကဲလူတွေ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်ပါစေဗျာ
မှားမခြစ်မိဖို့ တော့ဆုတောင်းလိုက်ပါတယ်.....................
ကျွန်တော်ကတော့ဘာမှ မပြောချင်တော့ဘူးဗျာ ဒါပဲလို့ ပဲပြလိုက်ချင်တော့တယ်
ကျွန်တော်တို့ သေလွန်ခဲ့သော် ပြီးခဲ့တဲ့ အတိတ်ဘ၀ကို ပြန်သတိရမှာ စိုးလို့  မေ့ပင်လို့ ခေါ်တဲ့
အပင်အောက်က ဖြတ်ရတယ်လို့  ကြားဘူးတယ် !ဟုတ်လားတော့မသိဘူးလူကြီးသူမတွေပြောတာကြားဘူးထားတာ !
ကဲအဲ့ဒါဆို ကျွန်တော်တို့  တတွေ သေလွန်ခဲ့ကြပြီလား မေ့ပင်အောက်ကိုကော ဖြတ်ခဲ့ကြပြီလား ကျွန်တော်တို့ 
တတွေ အတိတ်ကို သတိမရနိုင်တော့ဘူး အတိတ်မှာ ဘာတွေဖြစ်နေပြီလဲ “ဘာမှမသိချင်ဘူး!” ပစ္စုပ္ပန်မှာပဲပျော်တယ်
အခုချိန်မှာ ကားတွေစီးရတယ် အစားကောင်းတွေစားရတယ် နေစရာအိမ်တွေ ကောင်းကောင်းရှိနေတယ် အတိတ်ဆို
ဆိုတာ ငါတို့ မှာ မရှိ ! နွားရဲ့  နဖားကြိုးကိုင်တဲ့လက်က ကားရဲ့ စီယာရင်ကို ကိုင်နေရမှတော့ ဘယ်သတိရတော့မလဲ
အတိတ်ကို။
ဒါဆိုသေချာတယ် ငါတို့ တွေ သေလွန်ခဲ့ကြပြီပဲ “ဟာ” အဲ့ဒါဆိုမေ့ပင်အောက်ကိုဖြတ်ခဲ့ပြီပေါ့ မဟုတ်သေးပါဘူး
မေ့ပင်အောက်ကို ဖြတ်ခဲ့မယ် သေလွန်ခဲ့ကြမယ်ဆိုရင် အခုဖြစ်နေတဲ့ ပစ္စုပ္ပန်ရဲ့  အကြောင်းတွေကို ဘယ်လိုလုပ်သိ
နိုင်မှာလဲ မုန်တိုင်းဝင်လို့  လူတွေသေကြေပျက်စီတာကိုကော ဘယ်သိနိုင်မလဲ ငါအခုလိုစာထဲထည့်ရေး နိုင်တယ်
ဆိုကတည်းက ငါမသေသေလို့ ပေါ့ မေ့ပင်အောက်ကိုလည်းမဖြတ်ရသေးဘူးကို။
“တော်ပါသေးရဲ့  ငါသေလွန်ခဲ့ပြီအောက်မေ့နေတာ” မသေသေးဘူး အတိတ်ကိုလလဲ မမေ့သေးဘူးဆိုရင် အခု
ဖြစ်ပျက်နေတဲ့မြန်မာပြည်ကတကယ်ပဲပေါ့ ဒါဆိုငါကလူထဲက လူတယောက်ပဲ လူသားချင်းစာနာတဲ့ အနေနဲ့  ကူညီ
သင့်တာပေါ့ ။
( လူတယောက်က ကျွန်တော့ကို ပြောဘူးတယ် အလှူခံနေမဲ့ အစား ရှိတာလေးကို ရောင်းပြီး လှူလိုက်တာက ပို
ပြီးဒါနမြောက်ပါတယ်တဲ့)
ဒါဆို ကျွန်တော်လည်းရှိတာလေး ရောင်းပြီးသာဓုခေါ်လိုက်တော့မယ်ဗျာ အားလုံးလဲ ကျွန်တော်လို သာဓုခေါ်နိုင်
ကြပါစေဗျာ။
ကျွန်တော် တခုပြောပြချင်တာက မြန်မာပြည်သားမဟုတ်တဲ့ တရုတ်မ (ကျွန်တော်ဆရာမပေါ့) ကတောင် စိတ်ဝင်
စားပြီးနင်တို့ နင်တို့ နိုင်ငံအတွက် တခုခုလုပ်ပေးသင့်တယ်လို့ ပြောကြားလာတော့ ကျွန်တော့စိတ်ထဲမှာ အရမ်းကို
ဖီးလ်ဖြစ်မိတယ်ဗျာ။ သူကိုယ်တိုင်ကလည်း ဦးဆောင်ပြီး အလှူခံပေးနေတယ် အဲ့တော့ဘယ်နေနိုင်တော့မလဲ ကိုယ်
လဲပါရပြီပေါ့ အလှူငွေအရင်ထဲ့ နားလည်အောင်ရှင်းပြပေါ့ အဲ့လိုနဲ့ လုပ်လိုက်ရတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီးပြော
ချင်တာက တခြားလူမျိုးတွေတောင် စိတ်ဝင်စားပြီ အားကျိုးမာန်တတ်လုပ်ပေးနေတာ ကျွန်တော်တို့ လို မြန်မာနိုင်
ငံသားဖြစ်တဲ့လူတွေက ဘာလို့ မလုပ်ကြရမှာလဲ။ အခုဆိုလူတွေ မရေမတွက်နိုင်လောက်အောင်သေကြေပျက်စီးနေ
တာကို အုပ်ချုပ်နေတဲ့ (နအဖ) စစ်အုပ်စုကကော စာရင် အတိအကျပြနိုင်လို့ လား သူတို့ အားခဲထားတဲ့ မေ (၁၀)
နောက်ဆုတ်ပြီး ပြည်သူလူထု ကို ပြန်ကြည့်နေခဲ့လား မေ (၁၀) ကိုလဲနောက်မဆုတ် ဒုက္ခရောက်နေတဲ့ ပြည်သူလူ
ထုကိုလဲပြန်လှည့်မကြည့် “ပြန်လှည့်မကြည့်တဲ့အပြင် သောက်ရေရှားလို့ ရေလာခပ်တဲ့ လူတွေစီကတောင် လူစုပြီး
မိုက်ကြေးခွဲ ပိုက်ဆံတောင်းနေကြတာ ဒါသူတို့ ရဲ့  လုပ်ရပ်ကောင်းလား။
စစ်အုပ်စုကိုလဲ မကောင်းဘူးလို့ မပြောပါဘူး ကောင်းတဲ့လူလဲရှိမှာပါ ၀ါးလုံးရှည်နဲ့ တော့ မရမ်းချင်ဘူး
(၁၀)% လောက်တော့ကောင်းမှာပါ သေချာတယ် (၉၀)% ကတော့သောက်သုံးမကြတဲ့ကောင်တွေ လူလူချင်းဦး
နှောက်ဖေါက်စားနေတဲ့ကောင်တွေပဲ ကိုကိုယ်တိုင်က ဦးနှောက်မရှိပဲ မင်းလုပ်အုပ်ချုပ်ပြီး ဘယ်လာတိုးတတ်ပါမ
လဲ ဒီနိုင်ငံဘယ်နားကလာကောင်းနိုင်ပါ့မလဲ မသိမေးလိုက်ချင်တယ် (၁+၁)ဘာရလဲလို့ ။
ဦးနှောက်မရှိဆိုမှတော့ ခေါင်းကဘယ်ကလာရှိတော့မှာလဲ ဒီကောင်တွေခေါင်းမရှိပဲ ပြန်ဖြေမဲ့အဖြေကို ကျွန်တော်
ကြိုသိနေတယ် (၁+၁) က အာဏာနဲ့ ငွေရတယ်လို့ ဖြေကြလိုက်မယ်သေချာပါတယ်ဗျာ။
နောင်တော်တို့ ရယ် ခင်ဗျားတို့ လဲ လူတွေပဲ အသိဥာဏ်လေးတော့ နည်းနည်းရှိကြမှာပါ နောင်တော်တို့ 
သမိုင်းကို နောင်တော်တို့ လှအောင်ရေးကြပါလား။ ရာထူးနဲ့ ငွေလေးပေးပြီး နောင်တော်တို့ ဦးနှောက်ဖောက်စားခံနေ
တော့မှာလား လူပေါ်လူလို မဆက်ခံတဲ့ ဒီကောင်တွေကို နောင်တော်တို့ လဲမြင်နေကြားနေရတာပဲ နောင်တော်တို့ ရာ
ထူးနဲ့ ငွေကိုမက်ပြီးသူများကြိုးဆွဲရာလိက်ကနေအုံးမယ် ဆိုရင်လူသက်တန်း (၇၅) အများဆုံးပါ အကယ်လို့ များ နောင်
တော်တို့ သေလွန်ခဲ့သော် အသေဖြောင့်ကြပါ့မလား ? သေသွားခဲ့ကြရင်ကော အာဇာနည်သူရဲကောင်းတွေရဲ့ ဝိဥာဉ်
နဲ့ ဘယ်လိုမျက်နှာပြကြမလဲ ကမ္ဘာမကြေလို့  ၀ိဥာဉ်တွေ တွေကစောင့်နေကြတယ် နောင်တော်တို့ ရာထူးနဲ့ ဂုဏ်လေး
ကိုဘေးနားမှာ တစက္ကန့်လောက် ချပြီး လူ့ လောကကြီးထဲကို မျက်စိလေးဖွင်ပြီးကြည့်လိုက်ကြပါဗျာ ဘာတွေဖြစ်နေလဲ
ဆိုတာ နောင်တော်တို့ တွေကြပါလိမ့်မယ် အမှန်တရားကို မြင်လာကြပါလိမ့်မယ် အမှားတစ်ရာလုပ်ခဲ့တာ အပြစ်မဟုတ်
ပါဘူး အမှားတစ်ရာလုပ်ပြီး အမှန်တရား တခုတွေ့ လာပါစေလို့ ဆုတောင်းလိုက်ပါတယ်နောင်တော်တို့ ရယ်။