မြန်မာ ပြက္ခဒိန်

Photobucket

မုန်တိုင်းဓါတ်ပုံများ

Recent Posts

ဒီနိုင်ငံ တွေကလာလည် ကြတယ်

   

အားငယ်စရာမလိုတော့ပြီ

အလုပ်ကနေပဲဖြစ်ဖြစ် ကျောင်းကပဲဖြစ်ဖြစ် ဖောင့်မရှိတဲ့စက်ကနေပဲဖြစ်ဖြစ် မြန်မာလိုရိုက်ချင်ရင် ဒီနေရာလေး မှာ ရိုက်ယူနိုင်ပါပြီ....
Powered By Blogger

ဒီဘက်ရွာကလာတယ် ဟိုဘက်ရွာကထွက်သွားတယ်


နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လားမသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက် လောက်ပါပဲတဲ့၊
အ၀တ်အစား ထည့်ပေးပါလို့ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။

အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်း စာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခု တို့ကို သိမ်းယူသွား သည်ဟု သိရသည်။

လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကျော်၊ အရိုင်း၊ ညှောင်ညှောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူ အညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်းဖြစ်သည်။

ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရ သည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ သူဖြစ်သည်။

ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက်ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့်လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလကလည်း သပိတ်မှောက်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ နိုင်ငံရေးအကျဉ်း သားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင် ထားသည်။ ။
ခေတ်ပြိုင်ဂျာနယ်မှဖေါ်ပြသည

ဆက်ဖတ်မယ်...

စကြ၀ဠာကြီးအတွင်း၌ ကြယ်စုကြီးများ ( Galaxy ) မရေမတွက်နိုင်လောက်အောင် တည်ရှိနေကြသည်။ ကျွန်ုပ်တို့နေထိုင်သော နေအဖွဲ့အစည်း ( Solar System ) မှာ များပြားလှသောကြယ်စုကြီးများအနက်မှ တစ်ခုဖြစ်သော နဂါးငွေ့တန်းကြယ်စုကြီး
( Milkyway Galaxy ) ၏ အစွန်ဘက်ကျသော အိုရီယွန် လက်တံ ( Orion Arm ) အတွင်း၌ ရှိပေသည်။ Milkyway Galaxy အတွင်း၌ပင် ကျွန်ုပ်တို့ နေအဖွဲ့အစည်းမှာ အမှုန်ကလေး တစ်မှုန်မျှသာ။ သို့ဆိုလျှင်စကြာဝဠာအတွင်းရှိ မြောက်များစွာသော နေအဖွဲ့အစည်းများတွင် ကျွန်ုပ်တို့ကဲ့သို့သော သက်ရှိများရှိမနေပါဟု ပြောနိုင်ပါမည်လော . . . ။


ဤသို့သောတွေးခေါ်မှုများမှာ ယခုမှရှိသည်သာမဟုတ်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ခန့်က တည်ရှိခဲ့သော ဆူမားရီးယန်း ( Sumerian ) လူမျိုးစုများလက်ထက်ကပင်ရှိခဲ့ပေသည်။ သိပ္ပံပညာထွန်းကားခြင်းမရှိသေးသောထိုခေတ်၏အယူအဆများမှာစိတ်ကူးယဉ်မျှသာဖြစ်
သည်ဟု ယူဆနိုင်သော်လည်း ထူးဆန်းသည်မှာ ၄င်းတို့၏ နေစကြ၀ဠာ ဆိုင်ရာ အယူအဆများမှာ ယနေ့ခေတ် နောက်ဆုံးတွေ့ရှိမှုများထက်ပင် ပြည့်စုံတိကျနေခြင်းပင်။ ဆူမားရီးယန်းတို့၏ ရှေးဟောင်းရုပ်ပုံသမိုင်းအထောက်အထားများအရ ဆီလျော်အောင်ယူဆကြည့်ပါက အောက်ပါအတိုင်းတွေ့ရမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်သန်းပေါင်း ၂၀၀ ခန့်က ကျွန်ုပ်တို့နေအဖွဲ့အစည်းမှာ ယခုကဲ့သို့မဟုတ်ပေ။ နေမှစ၍ စတင်ရေတွက်သော် -
1. မာကျူရီ
2. မားစ်
3. တိုင်ရားမက် ( Tiamat )
4. ဂျူပီတာ
5. စေတန်
6. ယူရေးနပ်စ်
7. အမည်မသိဂြိုလ်တစ်လုံး
8. နက်ပကျူး နှင့်
9. ပလူတို ဟူ၍ဖြစ်သည်။
ယင်းဂြိုလ်များထဲမှ တိုင်ရားမက် ဂြိုလ်ကြီးသည် ယနေ့ကမ္ဘာဂြိုလ်၏ နှစ်ဆမျှရှိပြီး သက်ရှိများလည်း တည်ရှိခဲ့သည်။ ဒိုင်နိုဆော ( Dinosour ) ကဲ့သို့သတ္တ၀ါကြီးများဖြစ်သည်။ အိမ်နီးချင်း မားစ် ဂြိုလ်၌လည်း အပင် နှင့် နို့တိုက်သတ္တ၀ါများ ရှိခဲ့သည်။ ထိုအချိန်တွင် အလွန်ဝေးကွာသောအရပ်၌ အိုစီရစ် ( Osiris ) ကြယ်ကြီးကို ဗဟိုပြု၍ ဂြိုလ်များဖြင့်လှည့်ပတ်နေသော နေစကြ၀ဠာ နောက်တစ်ခုလည်းရှိသည်ဟူ၏။ ၄င်းတို့ထဲ၌ နီဘီးရု ( Nibiru ) အမည်ရှိသော ဂြိုလ်ကြီးလည်း အပါအ၀င်ဖြစ်သည်။ တစ်ခါသော အိုစီရစ် နေအဖွဲအစည်းအတွင်း ဂြိုလ်အချင်းချင်းထိခိုက်ပျက်စီးမှု ( Cosmic Collapse ) ဖြစ်ပေါ်ခဲ့ပြီး ၄င်းအရှိန်ကြောင့် နီဘီးရု သည် လမ်းကြောင်းပြောင်းကာ ကျွန်ုပ်တို့နေအဖွဲ့အစည်း အတွင်းသို့ ရောက်လာခဲ့သည်။

ထိုသို့ရောက်ရှိလာရာမှ နီဘီးရု ၏ လများအနက်မှ တစ်စင်းသည် မားစ်ဂြိုလ်နှင့်တိုက်မိပြီး မားစ် ပေါ်မှ သက်ရှိနှင့်အပင်များ ပျောက်ကွယ်သွားခဲ့သည်။ ဆက်လက်၍ နီဘီးရုသည် တိုင်ရားမက် နှင့်တိုက်မိပြန်သည်။ ထို့ကြောင့် တိုင်ရားမက် မှာလည်း အစိတ်အပိုင်းနှစ်ခု ကွဲထွက်သွားသည်။ ၄င်းအနက် တစ်ခုမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး လွင့်ထွက်သွားကာ မားစ် နှင့် ဂျူပီတာ အကြားတွင် ဂြိုလ်ပဲ့ခါးပတ်
( Asteroid Belt ) ဖြစ်လာခဲ့ပြီး ကျန်တစ်ခုမှာ ကျွန်ုပ်တို့၏ ကမ္ဘာဂြိုလ်ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ တိုက်မိမှုကြောင့် ကမ္ဘာပေါ်၌ ဒိုင်နိုဆောကြီးများ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရသည်။ နီဘီးရု မှာလည်း ကျွန်ုပ်တို့နေမင်းကြီး၏ ဆွဲငင်အားကို မလွန်ဆန်နိုင်သဖြင့် နေစကြ၀ဠာ၏ ဂြိုလ်ကြီး တစ်လုံးအဖြစ် နေအား နှစ်ပေါင်း ၃၆၀၀ လျှင် တစ်ပတ်ကျ ရှည်လျားသော ဘဲဥပုံလမ်းကြောင်းဖြင့် လှည့်ပတ်နေခဲ့ရသည်။

ထို့ကြောင့် ဆိုမားရီးယန်းတို့၏ မှတ်တမ်းမှတ်ရာများအရ နီဘီးရု သည် ကျွန်ုပ်တို့နေစကြ၀ဠာ ၏ ဒဿမမြောက်ဂြိုလ်ဖြစ်သည်။ တစ်ခါသော် နီဘီးရု နေစကြ၀ဠာသို့ လာရောက်ခဲ့သည့် အခေါက်၌ကား သိပ္ပပညာအားဖြင့် အလွန်အဆင့်မြင့်သော ၊ သက်တမ်းအားဖြင့် နှစ်ထောင်ချီအသက်ရှည်သော ဂြိုလ်သား ( Alien ) များအား တင်ဆောင်ရောက်ရှိလာခဲ့သည်။ ၄င်းတို့မှာ ဆီးရီးယပ်စ် ( Sirius ) နေအဖွဲ့အစည်းမှ ဖြစ်ပြီး အာကာသအတွင်း ဂြိုလ်များကို အာကာသယာဉ်သဖွယ် စီးနင်းကာ သွားလာနေကြသူများ ဖြစ်သည်။ ကမ္ဘာမြေပေါ်၌ ၄င်းတို့အလိုရှိသော သတ္တုပစ္စည်းများ တွေ့ရသည့်အတွက် ၄င်းတို့ထဲမှ အဲနု ( Anu ) ၊ အဲန်လီ ( Enlil ) နှင့် အဲန်ကီ ( Enki ) တို့အား ကမ္ဘာမြေပေါ်သို့ စေလွှတ်ခဲ့သည်။ အဲန်ကင် သည် ၄င်း၏မိဖုရား နင်ဟားဆက်၏ အကူအညီဖြင့် သူတို့၏မျိုးဗီဇ နှင့် ကမ္ဘာပေါ်တွင် စတင်ဖြစ်ပေါ်လျက်ရှိသော သက်ရှိမျိုးဗီဇတို့ကိုပေါင်းကာဇီဝအင်ဂျင်နီယာအတတ်ဖြင့် မျိုးနွယ်စုတစ်ခုဖန်တီးခဲ့သည်။ ရည်ရွယ်ချက်မှာ ၄င်းတို့၏လုပ်ငန်းများ၌ ခိုင်းစေရန်ဖြစ်သည်။ ထိုမျိုးနွယ်စုသည်ကား လူသား ( Human Being ) ပင်ဖြစ်သည်။ ထိုအချိန်ကလူသားတို့မှာ အရွယ်အစားကြီးမားပြီး သက်တမ်းမှာလည်း သိန်းဂဏန်းအထိပင် အသက်ရှင်နေထိုင်ခဲ့ကြသည်။

သို့သော် . . . ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀၀၀ ခန့်အလိုတွင် နီဘီးရု သည် ( Cosmic Collapse ) တစ်ခုနှင့် ထပ်မံကြုံတွေ့ရပြီး မူလလမ်းကြောင်းမှ သွေဖည်ကာ ကမ္ဘာနှင့် အနီးကပ်ဆုံ ပတ်လမ်းမှ ၀င်ရောက်လာခဲ့သည်။ ထိုအခါ ကမ္ဘာပေါ်တွင် နီဘီးရု ၏ ဆွဲအားကြောင့် ရေလွှမ်းမိုးမှုအကြီးအကျယ်ဖြစ်ပေါ်လာခဲ့သည်။ သမ္မာကျမ်းစာ၌ပါသော ရေလွှမ်းမိုးမှုဟု ယူဆနိုင်ပေသည်။ နီဘီးရု မှာလည်း ဂြိုလ်ပဲ့ခါးပတ်ကိုဖြတ်သန်းလာခဲ့ရ၍ ကိုယ်ပိုင်လတစ်စင် ဆုံးရှုံးသွားခဲ့သည်။ ထို လ မှာ ကမ္ဘာ့ဆွဲအားကြောင့် ကမ္ဘာ၏အရံလအဖြစ် ရောက်ရှိခဲ့သည်။
ထို လ ရောက်ရှိလာသောကြောင့် ကမ္ဘာ့လေထု၌ အပြောင်းအလဲများ ဖြစ်ပေါ်ကာ လူ့သက်တမ်းလည်း တဖြည်းဖြည်း တိုလာခဲ့သည်။ နောက်ပိုင်း၌ အဲန်ကီတို့၏မျိုးနွယ်စုများမှာ လူသားမျိုးနွယ်စုများနှင့်ပေါင်းဖက်မိကာ ကပြား မျိုးနွယ်များဖြစ်လာခဲ့ပြီး မြိုပြနိုင်ငံများတည်ထောင်၍ အချင်းချင်းစစ်မက်များလည်း ဖြစ်ပွားလာခဲ့သည်။ ထို့ကြောင့် နီဘီးရု နောက်တစ်ခေါက်ပြန်ရောက်လာချိန် ခရစ်မပေါ်မီ ၆၃၉ တွင် အဲန်ကီမျိုးနွယ်စုများသည် ဂြိုလ်ကြီးနှင့်အတူ ဤကမ္ဘာမှ ပြန်လည်ထွက်ခွာသွားကြသည်။ ထို့ကြောင့် နီဘီးရု နောက်တစ်ခေါက်ပြန်လာချိန်၌ အဲန်ကီတို့၏မျိုးနွယ်စုများလည်း လိုက်ပါလာကြတော့မည်ဖြစ်သည်။
မျက်မှောက်ခေတ်တွေ့ရှိချက်များမှာလည်း ဆူမားရီးယန်း တို့၏ မှတ်တမ်းများကို ထောက်ခံနေသကဲ့သို့ ရှိနေသည်။ ၂၀၀၅ ခု ဇူလိုင် ၂၉ ရက်နေ့ နာဆာအဖွဲ့၏ ထုတ်ပြန်ချကတွင် ပလူတိုဂြိုလ်၏ အပြင်ဘက်၌ Planet X ဟု ယာယီအမည်ပေးထားသော ဂြိုလ်တစ်လုံးကိုတွေ့ရကြောင်းနှင့် ၄င်းသည် နေနှင့်ကမ္ဘာအကွာအဝေး၏ ၉၇ ဆ ကျော်ကွာဝေးသောနေရာတွင်တည်ရှိပြီး နေကိုဘဲဥပုံလမ်းကြောင်းဖြင့်လှည့်ပတ်လျက်ရှိသည် ဟုပါရှိသည်။အဆိုပါဂြိုလ်သည် ဆူမားရီးယန်း တို့၏ သမိုင်းလာ နှစ်ပေါင်း ၃၆၀၀ လျှင်တစ်ကြိမ်ကျ နေကို လှည့်ပတ်လျက်ရှိသော နီဘီးရု ဂြိုလ်ကြီးဖြစ်ခဲ့လျှင်ကား . . . . ။

ဂြိုလ်သားများ ပါလာမည် ၊ မပါလာမည်ကို အသာထား၍ ဒြပ်ထုအားဖြင့် ကြီးများလှသည့် ဂြိုလ်ကြီးတစ်လုံး ကမ္ဘာကြီးအနီးသို့ ချဉ်းကပ်လာသည်ဟုသာ စဉ်းစားကြည့်ပါ။ လ ၊ နေ နှင့် နီဘီးရု တို့၏ဆွဲအားများကြောင့် ကမ္ဘာကြီးမှာ အကြီးအကျယ်ထိခိုက်ပျက်စီးရပေမည်။ လှိုင်းလုံးကြီးများ ၊ မီးတောင်ပေါက်ကွဲမှုများ စသည့် ဘေးအန္တရာယ်များကြောင့် လူသားမျိုးနွယ်စုတို့၏ ၈၀ % ခန့်အထိပင် သေကျေပျက်စီးသွားနိုင်သည်။ ကမ္ဘာ့ဝင်ရိုးစွန်းများလည်း တိမ်းစောင်းပြီး ကမ္ဘာကြီးလည်ပတ်မှုမှာလည်း ၃ ရက်ခန့်ရပ်တန့်သွားမည်ဖြစ်သည်။ နီဘီးရု ကမ္ဘာမှဝေးရာသို့ပြန်လည်ထွက်ခွာသွားသည့်အချိန်၌ ဤကမ္ဘာကြီးတွင် မည်သည့်အခြေအနေမျိုး ဖြစ်ကျန်ခဲ့မည်နည်း။ မှန်းဆလို့ပင်မရနိုင် . . .။မျက်မှောက်ခေတ် Planet X ခေါ် 2003 UB 313 မှာလည်း ကမ္ဘာမြေပေါ်ရှိ လက်ရှိနက္ခတ်တာရာကြည့်စခန်းများမှ မြင်နိုင်စွမ်းမရှိသောလမ်းကြောင်း ( Blind Spot ) မှ ၀င်ရောက်လာမည်ဟူသော ဖော်ပြချက်ကလည်း ရှိနေပြန်သည်။
ထို့အပြင် အမေရိကန် နှင့် ရုရှ တို့ မြေအောက်၌ မြို့တော်များ တည်ဆောက်လျက် ရှိကြောင်းနှင့် လက်ရှိ အမှန်တယ်တည်ဆောက်နေသော အာတိတ်ဒေသရှိ မျိုးစေ့နမူနာ စတိုခန်းကြီးနှင့် တောင်ဝင်ရိုးစွန်းရှိ အမေရိကန် နက္ခတ်တာရာကြည့်စခန်းတို့မှာလည်း နီဘီးရု နှင့် ပတ်သက်နေသည် ဟူသော ကောလဟာလ များလည်း ထွက်ပေါ်လျက်ရှိသည်။

လေ့လာသူများ၏ အဆိုအရ ၂၀၃၈ ခုနှစ်သည် နီဘီးရု တစ်ကျော့ပြန်လာရမည့်နှစ်ဖြစ်သည်။ ကွဲလွဲမှုတစ်ခုမှာ Planet X ရောက်ရှိမည့်အချိန်က အနည်းငယ်စောလျက်ရှိသည်။ သို့သော် စကြ၀ဠာကြီးနှင့်နိုင်းယှဉ်လျှင်မူ ပြောပလောက်သည့် ကွာခြားမှုတော့မဟုတ်ပေ။ မည်သို့ဆိုစေ . . . အထက်ပါ ဘေးအန္တရာယ်များ ဖြစ်နိုင်သည် ၊ မဖြစ်နိုင်သည် အတတ်မပြောနိုင်သော်လည်း ဆိုမားရီးယန်းတို့၏ နီဘီးရု ( သို့မဟုတ် ) မျက်မှောက်ခေတ်၏ ဒဿမမြောက်ဂြိုလ်ကြီး Planet X ၏ အန္တရာယ် ကမ္ဘာမြေပေါ်သို့ကျရောက်လာနိုင်ဖွယ် အကြောင်းကတော့ဖြင့် ရှိနေပေသေးသည်။ ကဲ . . . မိတ်ဆွေ သင်ရောဘယ်လိုလဲ ၊ ဒဿမမြောက်နတ်ဆိုး အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ?


စာကြွင်း။ ။ ဆူမားရီးယန်း = ( BC 5200 – BC 4500 ) အတွင်း
(Sumerian) ယူဖရေးတီးနှင့် တိုက်ဂရစ်မြစ်ဆုံရာ မြစ်ဝှမ်းဒေသ ၊
ပါရှန်ပင်လယ်ကွေ့၌ ထွန်းကားခဲ့သော လူမျိုးစုအမည်။

ကျမ်းကိုး
သုတစွယ်စုံမဂ္ဂဇင်း 2008 April

ဆက်ဖတ်မယ်...

အီးလမ်း တမီးလ်ကျား လွတ်မြောက်ရေးအဖွဲ့  LTTE အမျိုးသမီးတိုက်ခိုက်ရေးတပ်ဖွဲ့ ဟာ စွမ်းဆောင်ရည်
ကြောင့်ရော စိတ်ဓါတ်ခိုင်မာ ပြတ်သား မှု့ ကြောင့်ပါ နာမည်ကြီးလှပါတယ်။ အမျိုးသမီး တွေချည်းဘဲ ပါဝင်
တဲ့တပ်ဖွဲ့ တွေဟာ ရှေ့ တန်းစစ်မြေပြင်မှာ တောက်လျှောက်တိုက်နေကြတယ်။ ဒီမိန်းကလေး တွေဟာသီရိ
လင်္ကာမြောက်ပိုင်းနဲ့  အရှေ့ ပိုင်းမှာရှိတဲ့ တမီးလ်ဇာတိမြေကိုကာကွယ်ဖို့ အတွက် အသက်စွန့်လှူဖို့ ပိုင်းဖြတ်
ထားကြတယ်။ခေတ်မှီုပြီး ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ တမီလ်း ကျားသူပုန်တွေရဲ့  “ငြိမ်းချမ်းရေးအတွင်းဝန်ရုံး”
အဆောက်အဦးထဲမှာတော့ တမီလ်းကျားမတွေဟာ နောက်ဆုံးပေါ် ခေတ်မီ အက်ပဲလ် ကွန်ပျူတာတွေသုံး
ပြီ သက်ဘ်ဆိုက်တွေကို နောက်ဆုံးရသတင်းအချက်အလက် တွေဖြည့်သွင်း အပ်ဒိတ်လုပ်နေကြတယ်။ ဒီ
မိန်းခလေးတွေဟာ ဆံပင်တိုတို သို့ မဟုတ် ကျစ်ဆံမြီးကျစ်ထားကြတယ်။ ရှေ့ တန်းစ်မြေပြင်မှာတော့အစိမ်း
ရောင် ပြောက်ကျားဝတ်စုံတွေ ၀တ်ကြပြီး နောက်တန်း မှာတော့ ဘောင်းဘီအနက်နဲ့ ရှပ်အင်္ကျီ အဖြူတွေ
ဝတ်ကြတယ်။ကျားမတွေဟာ အနေအထိုင်အပြောအဆို ထိန်းထိန်းသိမ်းသိမ်း ဆင်ဆင်ခြင်ခြင်ရှိကြပြီးသီရ
ိလင်္ကာအစိုးရ စစ်တပ်ကိုရည် ညွှန်းတဲ့ အခါမှာ “ရန်သူ” လို့ သုံနှုန်းကြတယ်။ မိန်းခလေး အများစုဟာ အင်္ဂလိပ်
စကား ပြောတတ်တယ်။ကျားမတွေအတွက် သင်တန်းကပြင်းထန်လှပါတယ်။ စစ်သင်တန်း အပြင် တမီလ်း
လူမျိုးရဲ့ သမိုင်း ၊ တမီးကျား အဖွဲ့ ရဲ့ တိုက်ပွဲ တွေ အကြောင်း ၊ “အာဇာနည်တွေ” အကြောင်းသင်ရတယ်။
စစ်ပွဲ ပြင်းထန်နေချိန်မှာတော့ သင်တန်းကျောင်းပိတ်ထားပြီး ရှေ့ တန်းထွက်နိုင်
တဲ့ ရဲမေအားလုံး ရှေ့ တန်းသွားတိုက်ရပါတယ်။ အထူးလက်ရွေးစင် ရွေးချယ်ဖွဲ့ စည်းထားတဲ့
“ကျားနက်” အသေခံဗုံးခွဲရေး တပ်ဖွဲ့ ထဲမှာလည်း နည်းလှတဲ့ အမျိုးသမီး တွေ ပါဝင်နေပြီး ပိုမိုပြင်းထန်တဲ့
စစ်သင်တန်း ။ နိုင်ငံရေးသင်တန်းတွေ တက်ရပါတယ်။
တာမီးလ်ကျားသူပုန်တွေရဲ့  ရေတပ်နဲ့ လေတပ်ဖြစ်တဲ့ “မင်လယ်ကျား” တပ်ဖွဲ့ နဲ ‘’ လေကျား”တပ်ဖွဲ့ တွေထဲမှာလဲ ကျားမတွေ အရေးပါတဲ့ နေရာတွေက ပါဝင်နေကြပါတယ်။
တမီးလ်ကျားသူပုန်ဗဟိုဌာနချုပ်က ကျောင်းဆောင်တွေနဲ့ တခြားအဆောက်အဦး
တွေမှာ သီရီလင်္ကာစစ်တပ်ရဲ့  တိုက်ခိုက်မူ့ ဒါဏ် ချက်တွေ တွေ့ နေရတယ်။
အစိုးရစစ်တပ်က တမီးလ်ကျားတပ်စခန်း တွေကို အမြောက်နဲ့ ပစ်နေတဲ့ အသံတွေကို နေရော ညပါကြားနေရတယ်။တမီးကျား လွတ်မြောက်ဒေသတွေကို အစိုးရက စီးပွားရေး ပိတ်ဆို့ ထားတဲ့ အတွက် လောင်စာဆီဈေးနှုန်းတွေ ၊တခြားအခြေခံကုန်ဈေးနှုန်းတွေဟာ
တနှစ်အတွင်း နှစ်ဆတက်ခဲ့တယ်။
အရင်နှစ် သြဂုတ်လတုံးက အေ၉ အေ၉းပြေးလမ်းမကြိးကို အစိုးရကပိတ် ဆို့ 
လိုက်တဲ့ အတွက် တမီးလ်ကျား ဌာနချုပ် ကီလင်နော့ချီနဲ့  နိုင်ငံ့မြောက်ပိုင်းနယ်မြေ
အများစုကြား အဆက် အသွယ် ပြတ်တောက်သွားခဲ့တယ်။ မိသားစုတွေလဲ တကွဲတပြား ဖြစ်ကုန်တယ်။
ဒါပေမယ် တမီးကျားတွေဟာ သူတို့ လွတ်မြောက်ဒေသထဲမှာတော့ အာဏာအ
ပြည့်အ၀ရှိတယ်။ တရားရုံးတွေ ၊ ရဲဌာနတွေ ၊ အုပ်ချုပ်ရေးတွေချထားတယ်။ တမီးလ်
ခေါင်းဆောင်တွေဟာ မိမိတို့ အထဲက အတိုက်အခံပေါ်လာရင် အင်မတန် လက်သွက်
သွက်ရှင်းထုတ်ပစ်တတ်တာကြောင့် အရပ်သားပြည်သူလူထုတွေကအဖွဲ့အစည်းအပေါ်
တကယ့် သဘောထား အစစ်အမှန်ကို သိနိုင်ဖို့ လက်လှပါတယ်။
သီရိလင်္ကာမြောက်ပိုင်းနဲ့ အရှေ့  ပိုင်က တမီးလ်မိသားစု အများအပြားဟာ စေ
တနာဆန္ဒအလျှောက်သော်လည်ကောင်း ၊ ဇွတ်အတင်းကောက်ခံမှု့ ကြောင့်သော်လည် ကောင်း သားသမီးတယောက်ကို “တော်လှန်ရေး’’ ထဲ ထည့်ကြတယ်။ ဒါပေမဲ့တမီးလ် ကျား အဖွဲ့ နာမည်ကျော်နေတာကတော့ အသေခံ ဗုံးခွဲ မူ့ နည်းဗျူဟာ ကျင့်သုံးပြုမူ ဖြစ်သလို ခလေး စစ်သား အသုံးပြုမူ့ ကြောင့်လည်းနားမည်ပျက်နေပါတယ်။ ဒီနှစ်
ချက်ကြောင့် အမေရိကန် ၊ ဥရောပသမဂ္ဂ ၊ ဗြိတိန် ၊ ကနေဒါ ၊ သြစတြေး လျ စတဲ့ နိုင်ငံက သတ်မှတ်ထားပါတယ်။

ဒါပေမဲ့  တမီလ်းကျားတွေရဲ့  လျှို့ လျှို့ ဝှက်ဝှက်နိုင်လှတဲ့ ခေါင်းဆောင်ကြီး ဗဲလူပီလေး ပရားဘာကာရန်ကတော့ အမျိုးသမီး တပ်မှူးတွေအပါအ၀င် တမီးလ်ကျား
တွေရဲ့ ရာနှုန်းပြည်ထောက်ခံမှူ့ ကိုဆက်လက်ရနေပုံပေါ်ပါတယ်။ တမီးလ်ကျား အမျိုးသ မီး အဖွဲ့ ခေါင်းဆောင် အက်စ်သာမီလီနီကတော့ နိုင်တကာ အသိုင်းအ၀ိုင်းဟာ အမြင်
သွေလွဲ နေတယ်လို့ ပြေပါတယ်။ ကျားမတို့ က သီရိလင်္ကာ စစ်တပ်ကို တိုက်တာဟာ နိုင်ငံတော့်အကြမ်းဖက်ဝါဒကွဲပြားချက်ကို သဘောပေါက်သင့်တယ်။ ကျမတို့ ဟာ
အကြမ်းဖက်သတွေမဟုတ်ဘူး။ ကျမတို့ က အရပ်သားပစ်မှတ်တွေကို မတိုက်ဘူး လို့ သူမကပြောပါတယ်။
“ကျမတို့ တမီးလ်လူမျိုးက တကမ္ဘာလုံးပြန့် နေတယ်။ တမီးလ်လူမျိုးတွေဟာ အင်မတန်လဲ ဦးနှောက်ကောင်းကြတယ်။ နိုင်ငံတကာရောက်တမီးလ်တွေက ကျမတို့ 
ကိုအကူ အညီအထောက်အပံ့တွေတောက်လျှောက်ပေးနေတာဖြစ်တယ်။ ငွေရေးကြေး ရေးတင်မဟုတ်ဘူးရှင့်။ စိတ်ဓါတ်ရေးရာပဲ”။
ဒီလိုနိုင်ငံတကာရောက် တမီးလ်လူမျိုးတွေ အကူ အညီနဲ့ တမီးလ်ကျားတွေဟာနိုင်ငံခြားမှာ
လေယာဉ်မောင်းပညာ လေယာဉ်အင်ဂျင်နီယာပညာတွေသင် ၊ နိုင်ငဲခြားက လေယာဉ်ဝယ် ၊ တစစီဖြုတ် သီရိလင်္ကာ နိုင်ငံထဲခိုးသွင်း ၊ ပြန်တပ်ဆင်ပြီး ကမ္ဘာမှာ ပထမဆုံး သူပုန်လေတပ် ကိုတည်ဆောက်ခဲ့တာဖြစ်တယ်။
အသက် (၂၁)နှစ်ရှိတဲ့ မလာသီဟာ (၁၉) နှစ်အရွယ်မှာ တမီးလ်ကျားအဖွဲ့ ထဲဝင်ခဲ့ တယ်။ သူမကလဲ အခုလိုအတွေ့ အကြုံ ပြေပြတယ်။
“ရှေ့ တန်မှာ အခက်ဆုံးအခုပ်က တော့ ရန်သူက အမြောက်နဲ့ ပစ်တာကိုရင်ဆိုင်
ရတဲ့အလုပ်ပါ။ ကျမ သူသတ်ခဲ့ဖူးပါပြီ။ ရန်သူကိုသတ်လိုက်ရရင် စိတ်ထဲမှာကျေနပ်သွား
တယ်။ ကျမတို့ က အမိမြေအတွက် တိုက်ပွဲဝင်နေတဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်သမားတွေ ဖြစ်တယ်။ လွတ်လပ်ရေးတိုက်ပွဲ ၀င်သမားနဲ့ အကြမ်းဖက်သမားကွဲပြားချက် ကို နိင်ငံတက
နားလည်ဖို့ လိုတယ်”။
နောက်တန်းမှာတော့ မလာသီရဲ့  အမျိုးသမီးနှလုံးသား ပေါ်ထွက်လာပါတယ်။ “စစ်ဖြစ်ရင် ဒုက်ခအရောက်ဆုံးက အမျိုးသမီးတွေနဲ့ ကလေးတွေဘဲရှင့်။ အဲ့ဒါကြောင့်
အမျိုးသမီးတွေ စစ်သားလုပ်ရင် ပိုထူးချွန်တတ်တယ်။ကျမကတော့ တော်လှန်ရေးပြီး သွားတဲ့ အခါ ၊ တိုင်းပြည်ရတဲ့အခါကျရင် မိခင်ဘ၀ခံယူဖို့ စဉ်းစားမယ်” ။
မလာသီဟာ မိဘတွေနဲ့ မတွေ့ ရတာ အတော်ကြာသွားပြီဖြစ်တယ်။ သူမမိဘ တွေက မြောက်ပိုင်းက ဂျက်ဖနာမှာ ပြည်တွင်းရွှေပြောင်းဒုက်ခသည် ဖြစ်နေတယ်။ အဲဒိ ဒေသကို အခုသီရိလင်္ကာစစ်တပ်က ထိန်းချုပ်ထားပြီး တမီးလ်ကျားဗဟို ဌာနချုပ်ကီလင်
နော့ချီနဲ့  အဆက်ဖြတ်ခံနေရတယ်။ အခုတော့ တမီးလ်ကျားခေါင်းဆောင်ကြီး ဗဲလူးပီ
လေ ပရာဘာကာရန်ဟာ မလာသီရဲ့ မိဘသစ် ၊ ဖြစ်နေပါပြီ ။ “သူဟာကျမအတွက် တပ်မူးလဲဖြစ်တယ် ၊ ခေါင်းဆောင်လဲဖြစ်တယ်။ ကျမအတွက်အရာရာ ဖြစ်တယ်” လို့မာလာသီကဆိုပါတယ်။ မလာသီရဲ့ ခံယူချက်ဘယ်လောက်ခိုင်မာသလဲ ၊ အသေခံ ဗုံးခွဲဖို့ အထိစွန့် လွှတ်ဖို့ စဉ်းစားသလားလို့ မေးကြည့်တဲ့အခါ “ခေါင်ဆောင်ကြီးကသာ
ခွင့်ပေးရင် ကျမ ကျားနက်လုပ်မယ်” တဲ့။ တမီးလ် ကျားအမျိုးသမီး အမျိုးသားအားလုံး အတွက် အမြင့်ဆုံးမျှော်မှန်းကြတဲ့ ဆုလာဘ်ကတော့ အသခေံဗုံးခွဲ ခရီးမထွက်ခင်မှာ ခေါင်းဆောင်ကြီး ပရာဘာကာရန် နဲ့  ဓါတ်ပုံတွဲရိုက်ခွင့်ရဖို့ ဘဲဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် ခွဲခြားဖိနိပ်မှု ကြီးလှတဲ့  ဟိန္ဒူဘာသာဝင်တွေဖြစ်ပေမဲ့ တမီးလ်ကျားမတွေကတော့ အမျိုးသမီး လွတ်မြောက်ရေးကို သီးသန့် စဉ်းစားပြောဆိုး နေတာ မကြားရပါဘူး။ မိမိလူမျိုး မိမိ ဒေသလွတ်မြောက်ရေးကိုသာ ဦးထိပ်ထားပြီ ရန် သူကိုမီးကုန်ယမ်းကုန်တိုက်ဖို့ သာ ဦးတည်စဉ်းစားနောတတွေ့ ရပါတယ်။
တဖက်မှာတော့ (၂၄) နှစ်ကြာ ပြည်တွင်းစစ်ရဲ့ ဒါဏ်ချက်တွေကိုလည်း တမီးလ်အရက်သားပြည်သူတွေခံနေရပါတယ်။ တမီးလ်ကျာိးဗဟိုဒါနချုပ် အောင်ဇေယျ ဗိမာန်မှာ စစ်ကြောင့် စိတ်ဂယောက်ဂယက်ဖြစ်နေတဲ့ အမျိုးသမီး (၁၀၀) ကျော်ကိုနေရာ ချထားတယ်။ ဒီဌာနဟာ သန့် ရှင်းသပ်ရပ်ပေမဲ့ ခေတ်မှီအသုံးအဆောင်တွေ မရှိပါ။ အမျိုးသမီးတွေကိုတော့ စိတ်ငြိမ်ဆေးပမာဏ များများပေးထားပါတယ်။ တချို့အမျိုးသမီး တွေပြောတာကသူတို့ မိသားစုကနေခွဲထုတ်ထားရတယ်ပြောပါတယ်။ တချို့ ကတော့ပြန် စရာအိမ် ၊ ပြန်စရာမိသားစု မရှိတော့ဘူးလို့ ဆိုပါတယ်။ တချို့ ကလဲသီရိလင်္ကာစစ်တပ်ရဲ့
အမြောက်ဆံ ဗုံးံကလွတ်အောင် ပြေးလာခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့တနှစ်အတွင်း လူနာအရေအတွက် အကြီးအကျယ်တိုးလာခဲ့တယ်။
ထက်ထက်မြက်မြက်ရှိလှတဲ့ အသက် (၂၁) နှစ်အရွယ် ဂျက်ကာသာကတော့
သီရိလင်္ကာစစ်တပ်က မြောက်ပိုင်းမှာရှိတဲ့ တမီးလ်ကျားမြို့ တော်ဟောင်းဂျက်ဖနာကို တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အချိန်မှာ သူမရဲ့ မိသားစုနဲ့ ကွဲသွားခဲ့တယ်လို့ ပြောတယ်။ “ကျမတို့  ဘယ်တော့ ငြိမ်းချမ်းရေးရနိုင်မလဲ” လို့ မေးပါတယ်။
တော်လှန်ရေးအတွက် အသေခံဖို့ အဆင်သင့်ရှိတဲ့ တမီးလ်ကျားမတွေမရှား ပါးမပြတ်လပ်သေးသလို သီရိလင်္ကာစစ်တပ်ကလည်း မြောက်ပိုင်းမှာ စစ်ဆင်ရေးကြီး လုပ်ဖို့ ပြင်ဆင်နေချိန်မှာ ငြိမ်းချမ်းရေး ရဖို့ ကတော့ ဝေးနေဆဲပါဘဲ။

အယ်လ်ဂျာဇီးယားရာ သတင်းဌာန

ဆက်ဖတ်မယ်...

နေပြည်တော်တွင်ကျင်းပသည့် ၆၃ ကြိမ်မြောက်တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး၌ ပြည်သူ့ထံသို့ အာဏာအပ်နှင်းမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ထည့်သွင်းရေးသားခဲ့သည်။

Photobucket
တပ်မတော်နေ့အခမ်းအနားတွင် အလေးပြုခံယူနေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)
အသက် ၇၅နှစ်ရှိပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသည် ၎င်းတပ်မတော်နေ့အခမ်းအနားတွင် စစ်သား၊ ရဲ နှင့် မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀၀ ကျော်ကို ပြောကြားသည့် ၁၅မိနစ်ကြာမိန့်ခွန်း၌ မေလတွင် ပြည်လုံး ကျွတ်ဆန္ဒ ခံယူပွဲကျင်းပမည်ဆိုခြင်းနှင့် ရွေးကောက်ပွဲ ပြုလုပ်ပြီးစီးပါက အရပ်သားအစိုးရထံ အာဏာ အပ်နှင်း မည် ဖြစ်ကြောင်း ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။

၎င်းအခမ်းအနားသို့ ပြည်တွင်းရှိနိုင်ငံခြားသတင်းဌာနမှ သတင်းထောက်များနှင့် ပြည်တွင်းမီဒီယာများကို ဖိတ်ကြားသော်လည်း နှစ်စဉ်ဖိတ်ကြားလေ့ရှိသော နိုင်ငံခြားသားသတင်းထောက်များကိုမူ စက်တင်ဘာ အရေးအခင်းကိုအကြောင်းပြု၍ လုံခြုံရေးအရ ဖိတ်ကြားခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသား ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင်ဂမ်ဘာရီက မြန်မာစစ်အစိုးရအနေနှင့် အင်ဒိုနီးရှား အစိုးရကို စံနမူနာပြု၍ စစ်အစိုးရအုပ်ချုပ်မှုမှ အရပ်သားအစိုးရအုပ်ချုပ်သည့် ပုံစံပြောင်းလဲ၍ အုပ်ချုပ် သွားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စင်ကာပူ စထရိတ်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံကို ၁၉၆၆ခုနှစ်ကတည်းက စစ်အာဏာရှင် ဆူဟာတိုက ချုပ်ကိုင်ထားခဲ့ကာ ၎င်းစစ်တပ်မှ အနားယူ၍ အရပ်သားအစိုးရပုံစံပြောင်းလဲ လိုက်သည့် နောက်တွင်လည်း တိုင်းပြည်၏ အဓိကကျသည့် အုပ်ချုပ်ရေးတာဝန်ကို ဆူဟာတိုကသာ အရပ်သားတဦးအဖြစ် ဆက်လက်ချုပ်ကိုင်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူတဦးဖြစ်သည့် ဦးဌေးအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မိန့်ခွန်းသည် စစ်အစိုးရ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့်ကြေညာချက်အတိုင်း ဆန္ဒခံယူပွဲနှင့် ရွေးကောက် ပွဲကို အမှန်တကယ်ကျင်းပမည်ဟု သက်သေထူလိုက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

ပြည်တွင်းပြည်ပရှိ ဝေဖန်သူများကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနှင့် ၎င်းဆုပ်ကိုင်ထားသော အာဏာကို အရပ်သားဦးသန်းရွှေထံသို့ လွှဲပြောင်းခြင်းသာဖြစ်မည်ဟု သုံးသပ်ကြသည်။

စစ်အစိုးရအနေနှင့် တရားမျှတ၍ လွတ်လပ်သော ဆန္ဒခံယူပွဲကိုကျင်းပမည်ဟု ပြည်ထဲရေးနှင့် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက နေပြည်တော်၌ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် ပြည်တွင်း သတင်းမီဒီယာများကို ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြထားသည်။

လက်ရှိတွင်မူ ရွေးကောက်ပွဲ၌ ထောက်ခံမဲသာထည့်ရန်နှင့် မိမိ၏မိသားစုများကိုထောက်ခံမဲထည့်ရေး အတွက် စည်းရုံးရန် ဝန်ထမ်းများကို ဖိအားပေးခိုင်းစေလျှက်ရှိကြောင်း ဝန်ထမ်း အသိုင်းအဝန်းမှ ကြားသိရသည်။

ထိုကဲ့သို့စည်းရုံးရာတွင် အခြေခံဥပဒေကို ထောက်ခံခြင်းမပြုပါက ရာထူးချသည်အထိအရေးယူမည် ဖြစ်ကြောင်းနှင့် ထောက်ခံမည်ဆိုပါက သင်္ကြန်တွင်းကာလအတွက် ချေးငွေများထုတ်ပေးမည် ဖြစ်ကြောင်း အရာရှိများက လက်အောက်ဝန်ထမ်းများကို ပြောဆိုသည်ဟု ကျန်းမာရေးဝန်ထမ်းတဦးကပြောသည်။

စစ်အစိုးရက တပ်မတော်နေ့အခမ်းအနား ကျင်းပနေသည့် တချိန်တည်းတွင် အဓိကအ တိုက်အခံ အဖွဲ့အစည်းတခုဖြစ်သော NLD ပါတီက ၆၃ကြိမ်မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် ရှိပါတီ ဌာနချုပ်တွင် ကျင်းပလျှက်ရှိသည်။ ယခင်က မတ်လ ၂၇ရက်နေ့ကို တော်လှန်ရေးနေ့ ဟု ခေါ်ဆိုခဲ့ သော်လည်း စစ်အစိုးရက တပ်မတော်နေ့ဟူ၍ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရာ၌ ပါဝင်ခဲ့သော သခင်သိန်းဖေ၏ အိမ်တွင်လည်း ဝါရင့်နိုင်ငံရေး သမားဟောင်းကြီးများစု၍ တော်လှန်ရေးနေ့အခမ်းအနားတရပ် ကျင်းပသည်ဟုသိရသည်။

ဝါရင့်နိုင်ငံရေးသမားတဦးလည်းဖြစ်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်းတဦးလည်းဖြစ်သူ သခင်ချန်ထွန်းက တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမားများအနေနှင့် စစ်အစိုးရ၏ အဖမ်းအဆီးမှ လွတ်မြောက် ရန် ပုန်းခိုနေရသဖြင့် ၎င်းတို့ကျင်းပသော တော်လှန်ရေးနေ့အခမ်းအနားတွင် မပါဝင်နိုင်ကြောင်းပြောကြားသည်။

ဆက်ဖတ်မယ်...

မြန်မာနိုင်ငံ၏ အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲ
ဧရာဝတီ | ဖေဖော်ဝါရီ ၂၆ ၊ ၂၀၀၈

မြန်မာနိုင်ငံ၏ စစ်အစိုးရက ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို အတည်ပြုပေးရမည့် ပြည်သူ့ဆန္ဒခံယူပွဲတရပ်အား လာမည့် မေလ တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ရွေးကောက်ပွဲအသစ်များက ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဟု ဆိုလာခဲ့ရာ ကြားရသူအားလုံးက အံ့အားသင့်ခဲ့ရသည်။

“နိုင်ငံတော်တွင် တပ်မတော်မှ တာဝန်ယူ အုပ်ချုပ်ခြင်းကို ဒီမိုကရေစီပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြင့် ပြောင်းလဲရန်သင့်တော် ပြီဖြစ်၍” ဟု အစိုးရထိန်းချုပ်ထားသည့် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများ အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ရှိလာတော့မည်လော…။

သို့သော်လည်း မည်သူတဦးမျှ မယုံကြည်နိုင်ကြပါ။ မိမိတို့အနေဖြင့် အခိုင်အမာ သံသယရှိနေသည်မှာ စစ်အစိုးရက ကြံ စည်ထားသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် တဘက်သတ် ကျလွန်းနေပြီး စစ်အစိုးရခေါင်းဆောင် များက စစ်ဝတ်စုံချွတ်ပြီးသည့်တိုင် နောက်ပိုင်းတွင်လည်း အာဏာဆက်လက်ရယူထားနိုင်ရန် အသေအချာစီမံထားသည့် လှည့်ကွက်သာ ဖြစ်ပါသည်။

ဤထုတ်ပြန်ကြေညာချက်ကို မြန်မာစစ်ဗိုလ်ချုပ်များအတွက် ကံကောင်းစေသည်ဟု ယုံကြည်ထားကြသည့် (၉) ဂဏန်း၊ ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော်လည်း မြန်မာ့ ဒီမိုကရေစီအတိုက်အခံ အင်အားစုများကရော နိုင်ငံတကာ မိသားစုကပါ လှိုက်လှဲဝမ်းသာ မတုံ့ပြန်ခဲ့ကြပါ။ မြန်မာစစ်အစိုးရက ပြည်သူ့ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲများ အတွက် ပထမဦးဆုံးအကြိမ် အဖြစ် ရက်သတ်သတ်မှတ်မှတ်နှင့် ကတိက၀တ်ပြု ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သော်လည်း နှစ် ထောင်းအားရ ကျေနပ်စေရန်အတွက် အကြောင်းအချက် မပြည့်စုံလှပါ။

စစ်အစိုးရ ပေးလာသည့် သတင်းစကားမှာ “ယခုပေးလာသည့်အတိုင်း ယူချင်ယူ မယူချင်နေ၊ မိမိတို့ကတော့ လမ်းပြ မြေပုံအတိုင်း ဆက်၍သွားတော့မည်” ဟူသည့် သဘော ပို၍သက်ဝင်နေပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲသည့် လုပ်ငန်းကို စစ်အစိုးရက ၁၉၉၃ ခုနှစ်မှ စတင်၍ စနစ်တကျ အချိန်စွဲ စီမံဆောင်ရွက် လာခဲ့ပါသည်။ ယခုအခါ မည်သူတဦးမျှ ရှင်းလင်းစွာ မသိမမြင်ကြရသေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအတွက် လာမည့် ၂ လတွင် မဲပေးဆုံးဖြတ်ကြရတော့မည် ဖြစ်ပါသည်။ ဤကဲ့သို့ အတုအယောင် အလိမ်အညာ စစ်အစိုးရ၏ လုပ်ရပ်မှ ရလဒ်ကောင်းများ မျှော်လင့်နေရန် ရှိပါသေး၏လော…၊ မေးမြန်းဖွယ် ရှိနေပါသည်။

ထိုထက်ပို၍ ဆိုရလျှင် လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် သံဃာနှင့် လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ချေမှုန်းခဲ့ပြီး နောက်ပိုင်း အခြေအနေတွင် ပြည်သူလူထုက စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြမည် မဟုတ်ပါ။

ဤသို့ ဆန္ဒခံယူပွဲ ပြုလုပ်ရန် ထုတ်ပြန်ကြေညာခဲ့ခြင်းသည် တွေ့ဆုံဆွေးနွေးရေးအတွက် မျှော်လင့်ချက် မဲ့ခဲ့ပြီ၊ ကုလ သမဂ္ဂ ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကြိုးပမ်းချက်များလုံးဝကျရှုံးခဲ့ပြီဟု အတည်ပြုဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ အဓိကကျသည့် ဒီမိုကရေစီ အတိုက်အခံ အဖွဲ့အစည်းများဖြစ်ကြသော ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုတို့က ကန့်ကွက်ခဲ့ကြပြီး စစ်အစိုးရ စီစဉ်ထားသည့် ပြည်သူ့ဆန္ဒ ခံယူပွဲနေ့တွင် လမ်းမပေါ်ထွက် သပိတ်မှောက်မှုများ ကြုံရမည်ဟု သတိပေးပြောဆိုခဲ့ကြသည်။ ပြည်သူလူထုကိုလည်း စစ်အစိုးရ၏ ဖွဲ့စည်းပုံကို ကန့်ကွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်၊ စင်္ကာပူ အပါအ၀င် နိုင်ငံခြားအစိုးရများက စစ်အစိုးရကို ဤနိုင်ငံရေးအပြောင်းအလဲကာလ တွင် အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသား အုပ်စုများကို မပစ်ပယ်ရန် တောင်းဆိုခဲ့ကြပြီး အမျိုးသား ပြန်လည်သင့် မြတ်ရေး လမ်းကြောင်းပေါ်သို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ရန် အကြံပြုခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စစ်အစိုးရသို့ “ဖွဲ့စည်းပုံ ရေးဆွဲရေး လုပ်ငန်းစဉ်တွင် အင်အား စု အားလုံးပါဝင်စေရန်၊ လူတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရန်၊ ပွင့်လင်း မြင်သာမှုရှိရန်နှင့် ဖွဲ့စည်းပုံ မူကြမ်း သည် မြန်မာပြည် သူအားလုံး၏ အမြင်များကို ကျယ်ပြန့်စွာ ကိုယ်စားပြု ဖော်ပြနိုင်ခွင့် ရှိစေရန်” တိုက်တွန်း ပြောဆိုခဲ့သည်။

သို့သော်လည်း အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အကြီးအကဲ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) ကမူ စစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် အားတက်ဖွယ်အချက်တချို့ ရှိနေကြောင်း ဆိုထားသည်။

“ဒီကိစ္စက တနေရာရာကတော့ စ ရမှာပါ။ အခုတော့ ထင်ရှား မြင်သာတဲ့ အစကို တွေ့လာရပါပြီ။ ကျနော်ထင်တာကတော့ ကောင်းတဲ့ လမ်းကြောင်းကို ဦးတည်ပြောင်းလဲမှုလို့ ယူဆပါတယ်” ဟု ဆူရင်က ဆိုခဲ့သည်။

သို့သော်လည်း ဤအမြင်ကို လက်ခံသူက လူနည်းစုမျှသာ ရှိပါသည်။

ဖွဲ့စည်းပုံအတွက် လမ်းညွှန်ထားသည့် အခြေခံမူများတွင် စစ်တပ်အတွက် နိုင်ငံ၏လွှတ်တော်များအတွင်းတွင် အမတ်နေရာ ၂၅% ကို အာမခံချက်ပေးထားပြီး ကာကွယ်ရေး ဦးစီးချုပ်ဆိုသူက ထိုသူများကို အဆိုပြုခန့်အပ်လိမ့်မည် ဖြစ်သည်။ ဤမူ များတွင် စစ်တပ်က “နိုင်ငံတော်၏ အရေးပေါ် အခြေအနေ ကြေညာခွင့်” ကို ပေးထားပြီး ၎င်းအခြေအနေတွင် ပါလီမန် လွှတ်တော်ကို ရပ်ဆိုင်းကာ တခြား ချုပ်ချယ်ကန့်သတ်မှုများလည်း လုပ်ဆောင်ပိုင်ခွင့် ရှိနေသေးသည်။

ဤသည်မှာ စစ်တပ်အလိုကျ တဘက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံမျှသာ ဖြစ်ပြီး ပြည်သူများ၏ အသံ မဟုတ်ပါ။

လွန်ခဲ့သည့် လက ဒေါ်အောင်ဆန်းစုကြည်က လူအများစိတ်တွင်း ဖြစ်ပေါ်နေသည့် စိတ်ပျက်ညစ်ညူးဖွယ် အခြေအနေကို စကားတခွန်းဖြင့် ချုပ်၍ ဖော်ပြပေးလိုက်သည်။ စစ်အစိုးရက တာဝန်ပေးခန့်အပ်ထားသည့် ကြားခံဆက်ဆံရေး အရာရှိ ဗိုလ်ချုပ်အောင်ကြည်နှင့် စကား ပြောဆို ဆွေးနွေးနေရာမှ သူကိုယ်တိုင်က ဘ၀င်မကျလှသည့် အခြေအနေကို ဒေါ်အောင် ဆန်းစုကြည်က “အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားရန်” ထုတ်ဖော် ပြောဆို လာခဲ့သည်။

ဤသတင်းစကားကလည်း ထူးထူးခြားခြား တိုက်ဆိုင်နေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင် ဆန်းက ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ်ကလည်း မြန်မာပြည်သူများသို့ အလားတူ ပြောဆို သတင်းပါးခဲ့ဖူးသည်။ ဤသို့ ပြောဆိုခဲ့ခြင်းမှာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်သူများကို ရာဇသံပေးခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လွတ်လပ်ရေးသာ မရခဲ့ပါက လက်နက်ကိုင်တော်လှန်ရေး ဆင်ကြမည်ဖြစ်ပြီး သွေးထွက်သံယိုမှုများလည်း မလွဲမသွေ ကြုံရလိမ့်မည် ဖြစ်သည်။

ယခု အခြေအနေတွင်လည်း စစ်အစိုးရ၏ ခေါင်းမာလွန်းပြီး မစေ့စပ် မညှိနှိုင်းနိုင်သည့် အနေအထားကြောင့် ပြည်သူများနှင့် အတိုက်အခံ အဖွဲ့အစည်းများက “ဆန့်ကျင်မဲ” ပေးရန် စည်းရုံးလှုံ့ဆော်မှုများနှင့် ကြုံရကြမည်သာ ဖြစ်သည်။

ဤသို့ ဆိုလျှင်ဖြင့် တရားဝင်အစိုးရတရပ်အဖြစ် ကမ္ဘာက မြင်လာစေရန်၊ ကမ္ဘာ့ မိသားစု၏ အသိအမှတ်ပြုမှုကို ရရှိလာစေ ရန် ပြသလိုနေသည့် မြန်မာစစ်ဗိုလ်ချုပ်များ၏ ကြိုးပမ်းချက်များသည်လည်း အောင်မြင်လိမ့်မည် မဟုတ်ပါ။

မိမိတို့၏အမြင် ရပ်တည်ချက်မှာ ရှင်းပါသည်။“အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားကြရန်”သာ ကျန်ပါတော့သည်။ ။

ဆက်ဖတ်မယ်...

Photobucket

မဲရုံ..မဲရုံကိုလာ..တပြည်လုံးဆန္ဒမဲနဲ့..
အေးချမ်းမြေ့| မတ် ၂၄၊ ၂၀၀၈

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ “ကန့်ကွက်မဲသွားထည့်ကြရန်” လှုပ်ရှားမှုအနေနှင့်လည်း အတိုင်းအတာတခုအထိ အရှိန်ရလာပြီဖြစ်သည်။

အထူးသဖြင့် ပညာတတ်ကုမ္ပဏီဝန်ထမ်းများ၊ တရားဝင်မဲထည့်ခွင့်ရသူ ပြည်ပရောက် အလုပ်သမားများ၊ တက္ကသိုလ် ကျောင်းသားများနှင့် အစိုးရဝန်ထမ်းအများစုက အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒမဲပေးမည် ဟူ၍ပြောဆိုနေကြသည်။

ပြည်သူများက အခြေခံဥပဒေကို စိတ်ဝင်စားမှု နည်းပါးလှသည်။ အထူးသဖြင့် အခြေခံလူတန်းစားများ၊ တောသူတောင်သားများနှင့် လက်လုပ်လက်စားများဖြစ်သည်။ ၎င်းတို့ အနေနှင့် အခြေခံဥပဒေဆိုသည်ထက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်ထက် သူတို့အတွက်အရေးကြီးသည့် ဝမ်းရေးပြဿနာကို အချိန်နှင့်အမျှ ဖြေရှင်းနေရသည်။


တောသူတောင်သားအများစုကတော့ စစ်အစိုးရကို ကြောက်ရွံ့ကြသည်။ စစ်သားမဆိုထားနှင့် ရယက လောက် ကြံ့ဖွံ့လောက်ကိုပင် ကြောက်ရွံ့နေကြရသည်။ အခြေခံဥပဒေဆိုတာကိုလည်း နားမလည်။ စစ်အစိုး ရရေးဆွဲထားသည့် အခြေခံဥပဒေဆိုသည်ကလည်း သာမန်ပညာမတတ်သည့် လူတန်းစားမဆိုထားနှင့် တော်ရုံတန်ရုံပညာတတ်သည့် လူတန်းစားဖတ်လျင်ပင် နားမလည်နိုင်အောင် ရှုပ်ထွေးလှသည်။

သို့သော် ပြည်သူလူထု လက်ခံထားသည့်အချက်က ယေဘုယျအားဖြင့် စစ်အစိုးရ၏လက်အောက်တွင် နေနေသရွေ့ ဆင်းရဲဒုက္ခရောက်သည်ထက် ရောက်နေရမည်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မျှော်လင့်ချက်မရှိ ဆိုသည့်အချက်ပင်ဖြစ်သည်။


စစ်အစိုးရရေးဆွဲထားသည့် အခြေခံဥပဒေတွင် အခြေခံအကျဆုံးနှင့် အရှင်းလင်းဆုံးဆိုသည့်အချက်မှာ နိုင်ငံ တော်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ၂၅ရာခိုင်နှုန်းရနေမည် ဆိုသည့်အချက်ပင်ဖြစ်သည်။ ကျန်သည့် ၇၅ရာခိုင်နှုန်းတွင်လည်း လူဝတ်လဲထားသော တပ်မတော်သားများက နေရာတော်တော်များများ ယူထားကြဦးမည်။

ထိုအခြေခံအချက်ကိုတော့ လူတိုင်းနားလည်ထားသည်။ ပြည်သူအများစုကလည်း ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကာလကို မမေ့နိုင်ကြသေး။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျှောက် မည်သည့် အတွက်ကြောင့်ပဲဖြစ်ဖြစ် ဘုန်းတော်ကြီးများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် စစ်အစိုးရကို မုန်းတီး နေသည်ကတော့သေချာသည်။

“ကျနော့်အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရကို ထောက်ခံတဲ့ အနေအထားမျိုးဖြစ်အောင် ဘယ်တော့မှမလုပ်ပါဘူး။ အခြေခံဥပဒေက တရားမျှတမှု လုံးဝမရှိတဲ့အတွက် ကျနော်ကတော့ ကန့်ကွက်မဲ ပဲထည့်မှာပါ” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးညီညီက ပြောသည်။


မန္တလေးတွင်နေထိုင်သည့် ဒေသခံများအနေနှင့်လည်း ကန့်ကွက်မဲထည့်ရန် အဆင်သင့် ဖြစ်နေကြပြီဟု ၎င်း ဒေသခံတဦးကပြောပြသည်။

“သူတို့က အခြေခံဥပဒေကို သေသေချာချာ နားလည်ကြလို့တော့မဟုတ်ဘူး ဒါပေမယ့် စစ်အစိုးရကို မကြိုက် တာ တခုတည်းနဲ့ပဲ ကန့်ကွက်မဲ ထည့်မယ်လို့ပြောနေကြတယ်” ဟု ၎င်းကပြောသည်။

ပြည်သူလူထု အဓိကစိုးရိမ်နေသည့်အချက်မှာ မဲထည့်စဉ်နောက်ကျော လုံ၊ မလုံဆိုသည့် အချက်ဖြစ်သည်။
သံဃာတော်များကိုပင် ရက်ရက်စက်စက်ဖြိုခွင်းပြထားသည့် ဗုဒ္ဓဘာသာဝင်များဟု ၎င်းတို့ကိုယ် ၎င်းတို့ ပြော နေကြသူ စစ်တပ်အကြီးအကဲများအနေနှင့် ဘာမဆိုလုပ်ရဲ၊ ရက်စက်ရဲမည်ဆိုခြင်းကို ပြည်သူလူထုက သိလည်းသိ၊ ကြောက်လည်းကြောက်ရွံ့ကြသည်။

“လူတွေက မဲပုံးနားမှာ ဘယ်သူက စောင့်နေမလဲ၊ သူတို့ ကန့်ကွက်မဲထည့်တာကို စောင့်ကြည့်နေမှာလားဆို တာ စိုးရိမ်နေကြတယ်။ တကယ့်တကယ် လျှို့ဝှက်မဲ သေသေချာချာ ထည့်ရမယ်ဆိုရင်တော့ ကန့်ကွက်မဲ တွေပဲထည့်ကြမှာသေချာတယ်” ဟု သန်လျင်မြို့နေ ကိုမင်းမင်းဆိုက ပြောသည်။

ဆက်ဖတ်မယ်...

အဖမ်းခံရသည့် ဘလော့ဂါအား မိသားစုစိုးရိမ်
ကိုသက် | ဖေဖော်ဝါရီ ၁၊ ၂၀၀၈
မြန်မာနိုင်ငံရှိတွင် ပထမဦးဆုံးအဖမ်းဆီးခံရသည့် ဘလော့ဂါ ကိုနေမျိုးကျော် (ခေါ်) ကိုနေဘုန်းလတ်အား မည်သည့်နေရာ တွင် ဖမ်းဆီးထားသည်ကို စုံစမ်း၍မရ၊ အာဏာပိုင်တို့ကလည်း ပြောဆိုခြင်းမရှိသဖြင့် မိသားစုဝင်များ စိတ်ပူပန်လျက်ရှိ သည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးသန့်က ဧရာဝတီကို ပြောဆိုသည်။
ယခုလ ၂၉ ရက်နေ့ နေလယ်ပိုင်းတွင် ကိုနေမျိုးကျော်ကို အာဏာပိုင်တို့က ဖမ်းဆီးခဲ့သည်။
“အခုအချိန်အထိ လိုက်စုံစမ်းတာ ဘာသတင်းမှ မကြားရဘူး။ မသိဘူး၊ မရှိဘူးပဲပေါ့။ ၂ ရက်၊ ၃ ရက် ကြာလာတော့ မိခင်တယောက်အနေနဲ့ စိတ်ပူတာပေါ့၊ ပါသွားတာလည်း အဝတ်တထည် ကိုယ်တခုနဲ့လေ၊ အဝတ်အစားလည်းပေးမရ ဘယ်မှာရှိမှန်လည်းမသိ ဖြစ်နေတယ်” ဟု ဒေါ်အေးအေးသန့်က ပြောသည်။
ကိုနေမျိုးကျော်ကို အာဏာပိုင်တို့က လမ်းတွင်ဖမ်းဆီးပြီးနောက် နေအိမ်ကို ဗိုလ်မှူး ဟိန်းထက် ဦးဆောင်သည့်အဖွဲ့က ဝင်ရောက်ရှာဖွေကြောင်း သိရသည်။
“အိမ်ကိုလာရှာတယ်၊ ဘာမှမပြောဘူး၊ ဘာမှလည်း တွေ့မသွားဘူး။ အဓိကထားရှာတာကတော့ စီဒီအခွေနဲ့ စာရွက်စာတန်း ပေါ့။ ဒါပေမယ့် သိမ်းဆီးသွားတာလည်းမရှိဘူး၊ ငြိစွန်းတာ ဘာမှမတွေ့ပါဘူးရှင်” ဟု ဒေါ်အေးအေးသန့်က ပြောသည်။
ကိုနေမျိုးကျော်သည် တရားဥပဒေနှင့်မကင်းသည့်လုပ်ရပ်များကို လုပ်ကိုင်ခြင်းမရှိကြောင်းလည်း ဒေါ်အေးအေးသန့်က ပြောသည်။
ရန်ကုန် နည်းပညာတက္ကသိုလ်ဘွဲ့ရ ကိုနေမျိုးကျော်သည် အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ပြီးနောက် ပါတီနှင့်ကင်းကွာခဲ့သူဖြစ်သည်။ မိုးဂျာနယ်နှင့် စံပယ်ဖြူမဂ္ဂဇင်းများတွင် ရံဖန်ရံခါ ဆောင်းပါးများ ရေးလေ့ရှိသည်။ လွန်ခဲ့သည့်တနှစ်ခန့်တွင် စင်ကာပူနိုင်ငံမှ ပြန်လာကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ်အတွင်းက ရန်ကုန်ရှိ MICT တွင် အင်တာနက်နှင့်ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို ဦးဆောင်ကျင်းပ ခဲ့သည်။
ကိုနေဘုန်းလတ်၏ ကိုယ်ပိုင် ဘလော့ www.nayphonelatt.blogspot.com တွင် ၎င်းမှာ အနုပညာကို ခုံမင် နှစ်သက်သူဖြစ် ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ လတ်တလောတွင် ဂီတ၊ ပန်းချီအကြောင်းနှင့် အက်ဆေး ရသတို့ကို ဖတ်ရှု ရမည်ဖြစ်သည်။

မှတ်ချက်။ ။ဧရာဝတီမီဒီယာမှ

ဆက်ဖတ်မယ်...

။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၀၀ - မြန်မာစံတော်ချိန်

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။
ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၁၅ - မြန်မာစံတော်ချိန်
“သေနတ်တချက် ပစ်တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။” ဟု ဖဒိုမန်းရှာ အိမ်နဘေးတွင် နေထိုင်သူ တဦးက ပြောသည်။
ကရင်အမျိုးသားခေါင်းဆောင်သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၃ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။
သေနတ် ၄ ချက် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။
ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။
ပုံမှန်အတိုင်း အစောင့်အကြပ် ထားရှိခြင်း မရှိသော နေအိမ်တွင် အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ်သွားခြင်း ဖြစ်သည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၃၀ - မြန်မာစံတော်ချိန်
ဖဒိုမန်းရှာ၏ ရုပ်ကလပ်ကို နေအိမ်တွင်ပင် ထားရှိသည်။ ဒီမိုကရေစီ လိုလားသူ မဟာမိတ် အဖွဲ့အစည်းများ အားလုံး ယူကြုံးမရ ဖြစ်နေကြောင်း ပြောဆိုကြသည်။
ဖိုးဝှီးကား အမဲရောင် နံပါတ် ၄၂၅ ဖြင့် ရောက်လာသော သေနတ်သမား ၂ ယောက်အနက် တဦးက အိမ်ပေါ် အရင်တက်လာပြီး ကရင်ဘာသာဖြင့် နေကောင်းလားဟူ၍ အဓိပ္ပါယ်ရသော နှုတ်ခွန်းဆက်စကား ပြောပြီးနောက် သေနတ်ဖြင့် ပစ်ခြင်း ဖြစ်သည်ဟု သိရသည်။ နောက်ကျ တက်လိုက်လာသော သေနတ်သမားကလည်း ပစ်ခတ်သွားခဲ့သည်ဟု ယုံကြည်ရသည်။
၉ မမ ကျည်ဖူးတခုကို ယခုအချိန်တွင် တွေ့ရှိထားပြီး ထိုင်းရဲက စုံစမ်း စစ်ဆေးမှု ဆက်လက် ပြုလုပ်လျှက် ရှိသည်ဟု အခင်းဖြစ်ပွားရာ နေအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သော မဇ္ဈိမ ဓာတ်ပုံ သတင်းထောက်က ကိုအောင်တင်က ပြောသည်။
သေနတ်သမားများမှာ အရပ် ၅ ပေ ၅ လက္မခန့် ရှိသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။
ထပ်မံလွှင့်တင်ချိန်။ ။ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၀၈ ခုနှစ် ၁၇:၄၅ - မြန်မာစံတော်ချိန်
သေနတ်သမားတယောက်၏ ယာဘက် လက်ဖျံတွင် နဂါးရုပ် ဆေးမှင်ကြောင် ထိုးထားသည်ကို တွေ့မြင်ရသည်ဟု မျက်မြင်တဦးက ပြောသည်။ သေနတ်သမားများမှာ အသက် ၃ဝ ကျော်အရွယ် ရှိသည်ဟု ဆိုသည်။
တဦးနှင့်တဦး ၁ဝ ပေကျော် အကွာခန့် တတ်လာသော သေနတ်သမားများက ကရင် ဘာသာစကားဖြင့် နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သေနတ်သံ ကြား၍ အပြေး ထွက်လာသော နေအိမ်အောက်ထပ် (မြေညီထပ်)မှ ကရင့်အမျိုးသား အစည်းအရုံး ရုံးဝန်ထမ်း ၂ ယောက်အား ဖဒိုမန်းရှာကို ပစ်ခတ်မှု ပြုပြီးနောက် ပြန်ဆင်းလာသော သေနတ်သမား နှစ်ယောက်အနက် တဦးက သေနတ်တချက် ပစ်ခတ်ခဲ့သေးသော်လည်း ထိမှန်ခြင်း မရှိပါ။
--------------------------------------------------------
ဖဒိုမန်းရှာလဖန်း (၆၄) ၏ ကိုယ်ရေးအကျဉ်း
- ၂ဝဝ၈ခုနှစ်၊ ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် လုပ်ကြံခံရ။
- ၂ဝဝ၄ ခုနှစ် ကေအန်ယူ (၁၃) ကြိမ်မြောက် ညီလာခံတွင်လည်း အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံရ။
- ၂ဝဝဝ တွင် ကေအန်ယူ (၁၂) ကြိမ်မြောက် ညီလာခံတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်လာ။
- ၁၉၉၅-၉၆ ကေအန်ယူ (၁၁) မြောက်ညီလာခံတွင် တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်လာ။
- ၁၉၉ဝ တွင် ဗဟို ကော်မတီ ဖြစ်လာပြီး၊ မဟာမိတ်ရေးရာများကို တာဝန်ယူခဲ့။
- ၁၉၈၈ ခုနှစ် တက္ကသိုလ် ကျောင်းသားများ တောခိုလာသောအခါ ဗိုလ်ချုပ်မြ၏ အနီးကပ် ကိုယ်ရံတော်ဖြစ်လာ။
- ၁၉၈၄ မှာ အရံ ဗဟိုကော်မတီဝင် ဖြစ်လာ။
- ၁၉၇၅ ခုနှစ်တွင် ကေအန်ယူ ပြန်လည် ပေါင်းစည်းသောအခါ ညောင်လေးပင် ခရိုင်တွင် တာဝန်ထမ်းခဲ့။
- ၁၉၇၄ ခုနှစ်တွင် ပဲခူးရိုးမရှိ ကေအန်ယူ ဗဟိုသို့ ပြန်လာရောက်။
- ၁၉၆၈ တွင် ကရင်ပြည်နယ်ကို ဖြတ်ပြီး။ ရှမ်းပြည်နယ်စပ် ရလလဖ နယ်မြေတွင် နေထိုင်ခဲ့။ တရုတ်နယ်စပ်တွင် နိုင်ငံရေးသင်တန်း တက်ခဲ့။ (ဗကပ) နှင့် နိုင်ငံရေး ဆွေးနွေးခဲ့မှုများ လုပ်ခဲ့။ သဘောတရားရေးရာ သဘောမတူမှုများ ရှိခဲ့သဖြင့် ကြာကြာမနေဘဲ ဗဟိုဌာနချုပ်သို့ ပြန်လာခဲ့။
- ၁၉၆၆ တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာဖြင့် ဘွဲ့ရ။ ၎င်းနောက်တွင် ကရင့်တော်လှန်ရေးသို့ ရောက်။
- ၁၉၆၃-၆၆ အထိ ကေအန်ယူ၏ မြေအောက် လုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်ခဲ့။
- ၁၉၆၂ မှာ သမိုင်းဝင် ၇ ဂျူလိုင် အဖြစ်အပျက်နှင့် ကြုံခဲ့။ နိုင်ငံရေး စိတ်ဝင်စားခဲ့။
- ၁၉၆၁ မှာ ရန်ကုန် တက္ကသိုလ်သို့ ရောက်။
- ၁၉၄၅၊ ဇူလိုင် (၅) တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနီးရှိ၊ တော်လှန်ရေးသမား ထွက်သော ကျေးရွာတရွာတွင် မွေးဖွား။
--------------------------------------------------------
မဇ္ဈိမက ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့က ဖဒိုမန်းရှာကို ဆက်သွယ် မေးမြန်းခဲ့သော နောက်ဆုံး အင်တာဗျူးကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ စစ်အစိုးရရဲ့ စနေနေ့က ကြေညာချက်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို တကယ်ပဲ ဦးတည်တာလား။
ဖြေ။ ။ ဒါဟာ ဒီမိုကရေစီကို ဦးတည်တာ မဟုတ်ဘူး၊ အာဏာရှင်စနစ် ခိုင်မြဲရေးကို ဦးတည်နေတာ။

မေး။ ။ အခုလို့အချိန်မှာ၊ အားလုံး မမျှော်လင့်တဲ့အချိန်မှာ ကောက်ကာငင်ကာ ကြေညာလိုက်တာ ဘာကြောင်လို့ ထင်လဲ။
ဖြေ။ ။ စက်တင်ဘာလ တော်လှန်ရေးအပြီးမှာ နိုင်ငံတကာက ဖိအားက ပိုများလာတယ်။ ပြည်တွင်းမှာလည်း သူကို သိပ်မခံမရပ်နိုင်တော့ဘူး ဆိုတဲ့အချက်က ထင်ရှားလာတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ယူအမ်ရဲ့  ပါဝင်မှု၊ အဲဒီအပေါ်မှာ သူတို့သွားနေတဲ့ ရုတ်မက်ပ်ဟာ နိုင်ငံခြားကနေ ဖိအားတွေ မြင့်လာရင်၊ ဝင်လာရင် အတားအဆီး ဖြစ်မှာစိုးတယ်။ နိုဝင်ဘာလ (၁၆) ရက်နေ့က သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ဒါကိစ္စက ရှင်းတယ်။ နိုင်ငံတကာကနေပြီးတော့ သူတို့ရဲ့ ရုတ်မက်ပ်ကို ဝင်ပြီးနှောက်ယှက်တာကို သူတို့ လက်မခံဘူး။ အဲဒီတော့ သူတို့က သူတို့လမ်းကြောင်းကို သွားတော့မယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ ယူအမ်ရဲ့ ပါတီစီပေးရှင်းကို လက်မခံဘူး။ နိုင်ငံတကာက ဖိအားပေးတာကိုလည်း လုံးဝ လက်မခံဘူး။

မေး။ ။ သူတို့က တကယ်ပဲ ၂ဝ၁ဝမှာ ရွေးကောက်ပွဲ လုပ်သွားနိုင်သလား ခင်ဗျ။
ဖြေ။ ။ ရွေးကောက်ပွဲက လုပ်ချင်တိုင်း လုပ်လို့ မရဘူးဗျ။ အရင်တုန်းက ၁/၉ဝ ထုတ်ထားတာ ရှိတယ်။ အဲဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သူတို့ကို ဝိုင်းမေးရမယ်။ အဲဒါကို အကောင်အထည် မဖော်ဘဲနဲ့ သူဟာနဲ့သူ နောက်ထပ် ၂ဝ၁ဝခုနှစ်၊ ၂ဝ၂ဝ တို့ လုပ်ချင်ရာ လျှောက်လုပ်နေလို့ မဖြစ်ဘူး ထင်တယ်။

မေး။ ။ အရင်ကလည်း လူထုဆန္ဒ ခံယူပွဲတွေကို အကြပ်ကိုင်ပြီး လုပ်ခဲ့တာရှိတော့၊ အခုရော ဒါမျိုးလုပ်လို့ မရနိုင်ဘူးလား။
ဖြေ။ ။ သူတို့လုပ်လို့ ရနိုင်ပါတယ်။ မေလ ရွေးကောက်ပွဲမှာတုန်းက သူတို့ တွက်ခြေမကိုက်ဘူး။ မကိုက်တော့ မေလ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်ဆီးဖို့္ဒNational Convention နဲ့ Roadmap ကို စဉ်းစားတာ ဖြစ်တယ်။ အဲလို ဖြစ်တဲ့အခါကျတော့ ဒီတချီမှာတော့ နိုင်လဲနိုင်၊ ရှုံးလည်းနိုင် သူတို့လုပ်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီကိစ္စ္ဂအပေါ်မှာ ကျနော်တို့ သေသေချာချာ စဉ်းစားပြီးတော့မှ ခိုင်မာတဲ့ တုံ့ပြန်မှု၊ ပြတ်သားတဲ့ တုံ့ပြန်မှုတွေ ကျနော်တို့ လုပ်ဖို့ လိုတယ်။

မေး။ ။ ဘာတွေ ဖြစ်မလဲ ခင်ဗျ။
ဖြေ။ ။ လက်ရှိ သွားနေတဲ့ လမ်းကြောင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။ လူထု လှုပ်ရှားမှုတွေ လုပ်ရမယ်ဆိုတဲ့ အချက်ဘက်က ရပ်တည်ပြီး လုပ်ရမှာ ဖြစ်တယ်။

မေး။ ။ လူထုက ဘာတာဝန်တွေ ရှိလာပြီးလဲ ခင်ဗျ။
ဖြေ။ ။ လူထုက အများကြီး လုပ်လို့ရတယ်။ သူတို့က Political Non-cooperation၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်တာ မလုပ်ဖို့၊ စီးပွားရေးအရလည်း လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ လူမှုရေးအရ လုံးဝ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ အဲလို လက်တုံပြန်ရမယ်။ နိုင်ငံရေး တိုက်ပွဲတွေ၊ လူထု တိုက်ပွဲတွေ၊ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံတကာက နေပြီးတော့ နိုင်ငံရေး တိုက်ပွဲတွေ၊ နိုင်ငံတကာ ဖိအားတွေ၊ ဒါတွေကို ကျနော်တို့ မြှင့်တင်ရမယ်။ မဟုတ်ရင် နအဖကဟာ သူတို့ နားလည်တဲ့ ဘာသာစကားနဲ့ သူတို့ကိုပြောမှ။ အရင်တုန်းကလို သူတို့က ချောမြူရေးဝါဒကို ကျင့်သုံးနေတာကြောင့် သူတို့ ဘယ်သူကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။

ဆက်ဖတ်မယ်...

Archives

အမိမြေ အတွက်လမ်းလျှောက်သူများ

Photobucket

တခုခုရေးသွားကြပါခင်ဗျ