မြန်မာ ပြက္ခဒိန်

Photobucket

မုန်တိုင်းဓါတ်ပုံများ

Recent Posts

ဒီနိုင်ငံ တွေကလာလည် ကြတယ်

   

အားငယ်စရာမလိုတော့ပြီ

အလုပ်ကနေပဲဖြစ်ဖြစ် ကျောင်းကပဲဖြစ်ဖြစ် ဖောင့်မရှိတဲ့စက်ကနေပဲဖြစ်ဖြစ် မြန်မာလိုရိုက်ချင်ရင် ဒီနေရာလေး မှာ ရိုက်ယူနိုင်ပါပြီ....
Powered By Blogger

ဒီဘက်ရွာကလာတယ် ဟိုဘက်ရွာကထွက်သွားတယ်

Photobucket

မဲရုံ..မဲရုံကိုလာ..တပြည်လုံးဆန္ဒမဲနဲ့..
အေးချမ်းမြေ့| မတ် ၂၄၊ ၂၀၀၈

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ “ကန့်ကွက်မဲသွားထည့်ကြရန်” လှုပ်ရှားမှုအနေနှင့်လည်း အတိုင်းအတာတခုအထိ အရှိန်ရလာပြီဖြစ်သည်။

အထူးသဖြင့် ပညာတတ်ကုမ္ပဏီဝန်ထမ်းများ၊ တရားဝင်မဲထည့်ခွင့်ရသူ ပြည်ပရောက် အလုပ်သမားများ၊ တက္ကသိုလ် ကျောင်းသားများနှင့် အစိုးရဝန်ထမ်းအများစုက အခြေခံဥပဒေကို ကန့်ကွက်ဆန္ဒမဲပေးမည် ဟူ၍ပြောဆိုနေကြသည်။

ပြည်သူများက အခြေခံဥပဒေကို စိတ်ဝင်စားမှု နည်းပါးလှသည်။ အထူးသဖြင့် အခြေခံလူတန်းစားများ၊ တောသူတောင်သားများနှင့် လက်လုပ်လက်စားများဖြစ်သည်။ ၎င်းတို့ အနေနှင့် အခြေခံဥပဒေဆိုသည်ထက်၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဆိုသည်ထက် သူတို့အတွက်အရေးကြီးသည့် ဝမ်းရေးပြဿနာကို အချိန်နှင့်အမျှ ဖြေရှင်းနေရသည်။


တောသူတောင်သားအများစုကတော့ စစ်အစိုးရကို ကြောက်ရွံ့ကြသည်။ စစ်သားမဆိုထားနှင့် ရယက လောက် ကြံ့ဖွံ့လောက်ကိုပင် ကြောက်ရွံ့နေကြရသည်။ အခြေခံဥပဒေဆိုတာကိုလည်း နားမလည်။ စစ်အစိုး ရရေးဆွဲထားသည့် အခြေခံဥပဒေဆိုသည်ကလည်း သာမန်ပညာမတတ်သည့် လူတန်းစားမဆိုထားနှင့် တော်ရုံတန်ရုံပညာတတ်သည့် လူတန်းစားဖတ်လျင်ပင် နားမလည်နိုင်အောင် ရှုပ်ထွေးလှသည်။

သို့သော် ပြည်သူလူထု လက်ခံထားသည့်အချက်က ယေဘုယျအားဖြင့် စစ်အစိုးရ၏လက်အောက်တွင် နေနေသရွေ့ ဆင်းရဲဒုက္ခရောက်သည်ထက် ရောက်နေရမည်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးအတွက် မျှော်လင့်ချက်မရှိ ဆိုသည့်အချက်ပင်ဖြစ်သည်။


စစ်အစိုးရရေးဆွဲထားသည့် အခြေခံဥပဒေတွင် အခြေခံအကျဆုံးနှင့် အရှင်းလင်းဆုံးဆိုသည့်အချက်မှာ နိုင်ငံ တော်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် စစ်တပ်က ၂၅ရာခိုင်နှုန်းရနေမည် ဆိုသည့်အချက်ပင်ဖြစ်သည်။ ကျန်သည့် ၇၅ရာခိုင်နှုန်းတွင်လည်း လူဝတ်လဲထားသော တပ်မတော်သားများက နေရာတော်တော်များများ ယူထားကြဦးမည်။

ထိုအခြေခံအချက်ကိုတော့ လူတိုင်းနားလည်ထားသည်။ ပြည်သူအများစုကလည်း ၂၀၀၇ စက်တင်ဘာ အရေးတော်ပုံကာလကို မမေ့နိုင်ကြသေး။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျှောက် မည်သည့် အတွက်ကြောင့်ပဲဖြစ်ဖြစ် ဘုန်းတော်ကြီးများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် စစ်အစိုးရကို မုန်းတီး နေသည်ကတော့သေချာသည်။

“ကျနော့်အနေနဲ့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရကို ထောက်ခံတဲ့ အနေအထားမျိုးဖြစ်အောင် ဘယ်တော့မှမလုပ်ပါဘူး။ အခြေခံဥပဒေက တရားမျှတမှု လုံးဝမရှိတဲ့အတွက် ကျနော်ကတော့ ကန့်ကွက်မဲ ပဲထည့်မှာပါ” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နေထိုင်သည့် စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးညီညီက ပြောသည်။


မန္တလေးတွင်နေထိုင်သည့် ဒေသခံများအနေနှင့်လည်း ကန့်ကွက်မဲထည့်ရန် အဆင်သင့် ဖြစ်နေကြပြီဟု ၎င်း ဒေသခံတဦးကပြောပြသည်။

“သူတို့က အခြေခံဥပဒေကို သေသေချာချာ နားလည်ကြလို့တော့မဟုတ်ဘူး ဒါပေမယ့် စစ်အစိုးရကို မကြိုက် တာ တခုတည်းနဲ့ပဲ ကန့်ကွက်မဲ ထည့်မယ်လို့ပြောနေကြတယ်” ဟု ၎င်းကပြောသည်။

ပြည်သူလူထု အဓိကစိုးရိမ်နေသည့်အချက်မှာ မဲထည့်စဉ်နောက်ကျော လုံ၊ မလုံဆိုသည့် အချက်ဖြစ်သည်။
သံဃာတော်များကိုပင် ရက်ရက်စက်စက်ဖြိုခွင်းပြထားသည့် ဗုဒ္ဓဘာသာဝင်များဟု ၎င်းတို့ကိုယ် ၎င်းတို့ ပြော နေကြသူ စစ်တပ်အကြီးအကဲများအနေနှင့် ဘာမဆိုလုပ်ရဲ၊ ရက်စက်ရဲမည်ဆိုခြင်းကို ပြည်သူလူထုက သိလည်းသိ၊ ကြောက်လည်းကြောက်ရွံ့ကြသည်။

“လူတွေက မဲပုံးနားမှာ ဘယ်သူက စောင့်နေမလဲ၊ သူတို့ ကန့်ကွက်မဲထည့်တာကို စောင့်ကြည့်နေမှာလားဆို တာ စိုးရိမ်နေကြတယ်။ တကယ့်တကယ် လျှို့ဝှက်မဲ သေသေချာချာ ထည့်ရမယ်ဆိုရင်တော့ ကန့်ကွက်မဲ တွေပဲထည့်ကြမှာသေချာတယ်” ဟု သန်လျင်မြို့နေ ကိုမင်းမင်းဆိုက ပြောသည်။

0 comments

Post a Comment

Archives

အမိမြေ အတွက်လမ်းလျှောက်သူများ

Photobucket

တခုခုရေးသွားကြပါခင်ဗျ